“ဗဟိုဘဏ်က ဒေါ်လာသန်း ၂၀၀ နီးပါး ထုတ်ရောင်းထား”

(ပြည်တွင်း) သြဂုတ် ၃၀

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဩဂုတ်လအတွင်း အမေရိကန်ဒေါ်လာသန်း ၂၀၀ နီးပါး ထုတ်ရောင်းပေးခဲ့ တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဗဟိုဘဏ်၊ AD လိုင်စင်ရဘဏ်တွေ ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်တွေ ပါဝင်တဲ့ FX Market Online Trading Platform ကနေရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။

ဩဂုတ်လ ၂ ရက်က ဒေါ်လာ ၅ သန်း၊ ဩဂုတ်လ ၉ ရက်က ဒေါ်လာ ၆ သန်း၊ ဩဂုတ်လ ၁၅ ရက်က ဒေါ်လာ ၉ သန်း ကျော်၊ ဩဂုတ်လ ၁၉ ရက်က ဒေါ်လာ သန်း ၉၀ နီးပါး၊ ဩဂုတ်လ ၂၂ ရက်က ဒေါ်လာ ၃၁ သန်း၊ ဩဂုတ်လ ၂၆ ရက်က ဒေါ်လာ ၃၅ သန်း ကျော် နဲ့ ဩဂုတ်လ ၂၈ ရက်က ဒေါ်လာ ၁၇ သန်းနီးပါးကို ထုတ်ရောင်းပေးခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဗဟိုဘဏ်အနေနဲ့ စက်သုံးဆီလုပ်ငန်းရှင်တွေကို အမေရိကန် ဒေါ်လာ သန်း ၁၀၀ ပံ့ပို့ပေးဖို့ စီစဉ်ထားကြောင်း ဩဂုတ် ၁၄ ရက်က ထုတ်ပြန်ကြေညာပြီးနောက် နိုင်ငံခြားငွေကြေး ဈေးကွက်မှာ ဒေါ်လာတွေ ဆက်တိုက်ထုတ်ရောင်းပေးနေတာလို့လည်း သိရပါတယ်။

#PAN