“လှော်ကားဥယျာဉ်တွင် Water Activities များပြုလုပ်နိုင်သည့် အစီအစဉ်ထည့်သွင်းပြုလုပ်”

(ပြည်တွင်း) သြဂုတ် ၃၀

ရန်ကုန်မြို့ရှိ အပန်းဖြေစရာနေရာတစ်ခုဖြစ်တဲ့ လှော်ကားဥယျာဉ်တွင် ငှက်ကြည့်ခြင်း(Bird watching)၊ တောခရီးကြမ်းလမ်းလျှောက်ခြင်း(Trekking)အပြင် Water Activities(SUP&ADV Boat) ပြုလုပ်နိုင်သော အစီအစဉ် ကို ထည့်သွင်းထားကြောင်း သိရပါတယ်။

အဆိုပါ Water Activities အစီအစဉ်သည် ကိုဗစ်ကာလအတွင်း ရပ်နားထားခဲ့ရာမှ ယခုအခါတွင် ပြန်လည် စတင်ထည့်သွင်းခြင်းဖြစ်ပြီး Adventure(ADV) Boat တွင် နှစ်ယောက်စီး၊ Standup Paddleboarding(SUP) တွင် တစ်ယောက်စီးအဖြစ် သတ်မှတ်ထားကာ လာရောက်အပန်းဖြေစီးနင်းသူများ များပြားလျက်ရှိနေပါတယ်။

SUP & Adventure Boat စီးခဈေးနှုန်းအနေနဲ့ ရုံးဖွင့်ရက်များတွင် ငွေကျပ် ၁၅,၀၀၀ သတ်မှတ်ထားပြီး၊ ရုံးပိတ် ရက်များမှာတော့ ငွေကျပ် ၁၈,၅၀၀ သတ်မှတ်ပေးထားကြောင်းသိရပါတယ်။

#PAN