“သမိုင်းဝင်ဖောင်တော်ဦးစေတီတော်၏ (၁၄၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပမည်”



(ပြည်တွင်း) ဩဂုတ် ၃၀

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြိုမှာ (၁၄၁)ကြိမ်မြောက် သမိုင်းဝင်ဖောင်တော်ဦးစေတီတော်ကြီး၏ ဗုဒ္ဓ ပူဇနိယပွဲတော်ကို စက်တင်ဘာလ ၁ဝ ရက်မှ ၁၇ ရက်(တော်သလင်းလပြည့်နေ့)အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပ သွားမည်ဖြစ်ကြောင်း သိရပါတယ်။
တော်သလင်းလဆန်း ၈ ရက်မှာ ဖောင်တော်ဦးစေတီတော်မြတ်ကြီးကို ဘုရားအနေကဇာတင်ခြင်း၊ ဘုရား အမှူးပြုသော သံဃာတော်မြတ်များကို ဆွမ်းနှင့်လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း အစပြုပြီး ဆွမ်းသပိတ် လောင်းလှူပွဲ၊ မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲများကိုလည်း ထည့်သွင်းကျင်းပသွားမှာဖြစ်ပါတယ်။
အဆိုပါ သမိုင်းဝင် ဖောင်တော်ဦးစေတီတော်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်တွင် ဆွမ်းသပိတ်လောင်းလှူပွဲ၊ မြန်မာ့ ရိုးရာလောင်းလှေပြိုင်ပွဲများအပြင် ခြင်းအလှခတ်ပွဲ၊ ပျော်ပွဲရွှင်ပွဲနှင့် ပွဲဈေးတန်း ဈေးအရောင်းဆိုင်များ၊ အရောင်း ပြခန်းများကို ထည့်သွင်းပြသရောင်းချသွားမှာဖြစ်ပါတယ်။ အထူးအနေနဲ့ လောင်းလှေပြိုင်ပွဲမှာ အထက်အညာဒေသ တစ်ခွင် အစည်ကားဆုံး ပြိုင်ပွဲကြီးတစ်ခုဖြစ်ကြောင်း သိရပါတယ်။

#PAN