အရွယ်မရောက်သေးသည့် ကလေးသူငယ်ကို အဓမ္မအလုပ်ခိုင်းစေပြီး လုပ်အားခများခေါင်းပုံဖြတ် ရယူခဲ့သူများကို အလုပ်နှင့်ထောင်ဒဏ်ချမှတ်

(ပြည်တွင်း) ဩဂုတ် ၃၀

အရွယ်မရောက်သေးသည့် ကလေးသူငယ်ကို အဓမ္မအလုပ်ခိုင်းစေပြီး လုပ်အားခများခေါင်းပုံဖြတ်ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲမှ သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြိုနယ်နေ ဒေါ်ရွှေဇင်ဝင်း (ခ) အိတီမနှင့် ၎င်း၏သမီးဖြစ်သူ မေသန္တာဝင်းတိုက ရွှေပြည်သာ မြိုနယ်နေ မ—-၊ ၁၂/၂၀၂၄ နှစ်အား နေ့စဉ်နံနက် ၅ နာရီမှ ည ၁၂ နာရီအထိ ရွှေဂုံတိုင် ကားမှတ်တိုင်အနီးတွင် ပန်းရောင်း ရန်ခိုင်းစေခဲ့ပြီး ပန်းရောင်းမကုန်သည့်နေ့များတွင် ရိုက်နှက်ခြင်းများပြုလုပ်၍ အဓမ္မ အလုပ်ခိုင်းစေပြီး လုပ်အားခများ ခေါင်းပုံဖြတ်ရယူခဲ့သဖြင့် ဗဟန်း မြိုမရဲစခန်း (ပ)၃၉/၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ-၃၅ ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့သည်။

ကမာရွတ်ခရိုင် တရားရုံးမှ ဩဂုတ် ၂၇ ရက်တွင် တရားခံ ဒေါ်ရွှေဇင်ဝင်း(ခ)အိတီမနှင့် မေသန္တာဝင်းတိုကို လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။

#PAN