ယူကရိန်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်လာမည့် အလားအလာမရှိဟု ရုရှားပြော


(နိုင်ငံတကာ) ဩဂုတ် ၂၉

ရုရှားနိုင်ငံနှင့်ယူကရိန်းနိုင်ငံတို့ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်လာစေမည့် အလားအလာမရှိကြောင်း ရုရှားသမ္မတရုံး က ဩဂုတ်လ ၂၈ ရက်တွင် ထုတ်ပြန်လိုက်သည်။

အိန္ဒိယဝန်ကြီးချုပ် က ဩဂုတ်လ ၂၇ ရက်တွင် ရုရှားသမ္မတနှင့် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးစဉ် ယူကရိန်းခရီးစဉ်နှင့်ပတ်သက်၍ ပြောဆိုမှုများရှိခဲ့သည်။

ထို့နောက် အိန္ဒိယ က ရုရှားနှင့်ယူကရိန်းတိုကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပရန် ကမ်းလှမ်းခြင်း ရှိ၊ မရှိနှင့် ပတ်သက်၍ သတင်းထောက်၏မေးမြန်းမှုကို သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ က ယခုကဲ့သို့ ထုတ်ပြန်လာခြင်းဖြစ်သည်။

ပက်စကော့ က ကမ္ဘာနိုင်ငံများမှရှုမြင်လျှင် အိန္ဒိယနိုင်ငံသည် ငြိမ်းချမ်းရေးကို အမြဲတမ်းထောက်ခံ အားပေးသူဖြစ်ပေမယ့် ယခုအချိန်မှာတော့ ငြိမ်းချမ်းရေးဆွေးနွေးမှုသည် အကျိုးသက်ရောက်မှု ရှိမနေကြောင်း ပြောသည်။

ထို့ပြင် ရုရှားသမ္မတ ဗလာဒီမာပူတင် ကလည်း ယူကရိန်းတိုက ခု(စ်) ဒေသကို တိုက်ခိုက်ကာ အရပ်သားများကို သေကျေပျက်စီးမှုများဖြစ်စေပြီးနောက် ထိုနိုင်ငံနှင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်သွားမည့် အစီအစဉ် မရှိကြောင်း အစောပိုင်းကတည်းက ထုတ်ပြန်ထားသည်ဟု RT သတင်းဌာနတွင် ဖော်ပြထားသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ