မန်းမြို့တော်ကြီးကို ကာကွယ်ဖို့ စစ်ဘေးမဖြစ်စေဖို့အတွက် ဆန္ဒထုတ်ဖော်လှုံ့ဆော်ပွဲ ပြုလုပ်


(ပြည်တွင်း)ဩဂုတ် ၂၉

မန္တလေးတိုင်းဒေသကြီး၊ ​အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ ၁၅လမ်း၊ ၆၅×၆၆ လမ်းကြားသို့ မန္တလေးချစ်သူများမှ ဦးဆောင်၍ ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က သံဃာအပါး ၁၀၀၊ မျိုးချစ်လူငယ် ၅၀၀ ဦးတို့မှ နိူင်ငံတော်အလံ ၆၀ ခု၊ မော်တော်ယာဥ် ၂၀၀ စီးနှင့် ဆိုင်ကယ် ၅၀ စီးခန့်တို့တွင် နိုင်ငံတော်အလံငယ် စတစ်ကာများကပ်၍ မန်းပြည်သူများစည်းလုံးပြီး ယဉ်ကျေးမှုအမွေအနှစ်များနှင့် မန်းမြို့တော်ကြီးကိုကာကွယ်ဖို့ စစ်ဘေးမဖြစ်စေဖို့အတွက် ဆန္ဒထုတ်ဖော်လှုံ့ဆော်မှု ပြုလုပ်ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ထို့နောက် အဆိုပါအဖွဲ့သည် နိူင်ငံတော်အလံများ လွှင့်ထူကိုင်ဆောင်ခြင်း၊ ရာဇဝင်ကောင်းတဲ့ ဒို့မန္တလေး ဒို့မျိုးဆက်အတွက် ဆက်ထိန်းပေး၊ မန္တလေးမြို့ကြီး မပျက်စီးဖို့ မန်းပြည်သူတွေ စည်းလုံးစို့၊ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ စည်းလုံးညီညွတ်ရေး ဒို့အရေး၊ အကြမ်းဖက်မှုများ တိုက်ခိုက်ဖို့ မန်းပြည်သူတွေညီကြစို့၊ ယဉ်ကျေးမှုအမွေအနှစ်များတည်တံ့ဖို့ ဒို့မန္တလေးသားတွေ စောင့်ရှောက်စို့ စသည့် စာသားများပါ ဗီနိုင်းဆိုင်း ဘုတ်များ ကိုင်ဆောင်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်ပွဲတွင်ပါဝင်သူတစ်ဦးမှ ဒို့မြို့ဒို့ရွာ ဒို့ကာကွယ်စို့ခေါင်းစဥ်ဖြင့် ဟောပြော၍ မန္တလေးမြို့ကြီး တည်ငြိမ်အေးချမ်းရေး တို့အရေး၊ တိုင်းရင်းသားညီအစ်ကိုမောင်နှစ်မများ စည်းလုံးညီညွတ်ရေး တို့အရေး၊ယဉ်ကျေးမှု့ အမွေအနှစ်များ ထိမ်းသိမ်းစောင့်ရှောက်ရေး တို့အရေး၊ အကြမ်းဖက်မှု မှန်သမျှဆန့်ကျင်ကြစသည့် စာသားများ ကြွေးကြော်ခဲ့ကြောင်း၊ ၎င်းနောက် အဆိုပါအဖွဲ့သည် ကုသိုလ်တော်ဘုရား၊ ခြင်္သေ့ကြီး နှစ်ကောင်ဘက်သို့ လှည့်လည်ခဲ့ကာ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးစျေးချိုတော် နာရီစဥ်၊ ချမ်းမြသာစည်မြို့နယ်ရှိ မဟာမြတ်မုနိ ဘုရားကြီးအရှေ့မုခ်၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ တံခွန်တိုင်အဝိုင်းတို့သို့ သွားရောက် ပြီးဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ