ဒေါ်လာစျေး ဆက်တိုက်ကျဆင်းသော်လည်း ကုန်စျေးနှုန်းကြီးမြင့်နေဆဲဖြစ်


(စီးပွားရေး) သြဂုတ် ၂၉

ဒေါ်လာစျေးဆက်တိုက်ကျဆင်းနေသကဲ့သို့ ဗဟိုဘဏ်ပြင်ပ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း နိုင်ငံခြားငွေလဲနှုန်းတွေ ဆက်လက်ကျဆင်းနေသော်လည်း အထွေထွေကုန်စျေးနှုန်းများ ကြီးမြင့်နေဆဲဖြစ်ကြောင်း သိရသည်။

ယနေ့မနက်ပိုင်း ဈေးကွက်ဖွင့်ချိန်တွင် နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း အမေရိကန်တစ်ဒေါ်လာကို ၅၄၅၀-၅၆၅၀ ကျပ် ဝန်းကျင်အထိ ကျဆင်းလာပြီး KBZ Bank ၏ ယခုနေ့လည်ပိုင်းဖော်ပြချက်အရ အမေရိကန်တစ်ဒေါ်လာကို ၃၄၃၀ကျအထိကျဆင်းလာကြောင်း တွေ့ရသည်။

ဗဟိုဘဏ်အနေဖြင့် စက်သုံးဆီလုပ်ငန်းရှင်များကို ကန်ဒေါ်လာသန်း ၁၀၀ ပံ့ပိုးပေးမည်ဟု ကြေညာခဲ့ပြီးသည့်နောက် ယခုလအတွင်း FX Market Online Trading Platform ကနေ ဒေါ်လာ ၁၇၇ သန်းအထိ ရောင်းပေးထားကြောင်း သိရသည်။

ဒေါ်လာငွေလဲနှုန်း ၃၄၀၀ ကျပ်ဝန်းကျင်နှင့် သြဂုတ်လ ၁၅ ရက်မှာ ဒေါ်လာ ၉.၄၈၉ သန်း၊ သြဂုတ်လ ၁၉ ရက်တွင် ဒေါ်လာ ၈၉.၉၇၅ သန်း၊ သြဂုတ်လ ၂၂ ရက်တွင် ၃၁ သန်းနှင့် သြဂုတ်လ ၂၆ ရက်တွင်ဒေါ်လာ ၃၅ သန်း အသီးသီး ရောင်းပေးထားကြောင်း သိရသည်။

ယခုလအတွင်း ပြင်ပနိုင်ငံခြားငွေကြေးဈေးကွက်အတွ် ဒေါ်လာငွေလဲနှုန်း ၆၆၀၀ ကျပ်အထိ အမြင့်ဆုံးနှုန်းဖြစ်ခဲ့ပြီး သြဂုတ်လ ၂၄ ရက်နေ့မှစတင်ကာ ကျပ် ၆၀၀၀ အောက် ပြန်ကျလာခဲ့သည်။

စင်ကာပူဒေါ်လာဈေးမှာ ၄၁၀၀ ကျပ် ဝန်းကျင်အထိ ကျဆင်းနေပြီး ထိုင်းဘတ်ဈေးက ၁၅၆-၁၆၂.၆ ကျပ်၊ မလေးရှားရင်းဂစ်က ၁၂၀၀ ကျပ်၊ တရုတ်ယွမ်က ၇၅၀-၇၈၅ ကျပ်ဝန်းကျင်ကို ကျရိပ်ပြနေပြီး တခြားသော နိုင်ငံခြားငွေဈေးတွေလည်း ကျဆင်းနေသည်။

ကမ္ဘာ့ရွှေ တစ်အောင်စဈေး အမေရိကန်ဒေါ်လာ ၂၅၀၀ အထက်ကို ရောက်ရှိနေချိန်တွင် ရန်ကုန်ရွှေအသင်း YGEA မှ အခေါက်ရွှေတစ်ကျပ်သား ကျပ်သိန်း ၅၀ ဝန်းကျင်ဖြင့် ဈေးဖွင့်ထားသည်။

ဒေါ်လာစျေးများ အကျဘက်ကို ဆက်တိုက်ဦးတည်လာသော်လည်း ပြည်တွင်းကုန်စျေးနှုန်းမျာယနှင့် ယာဥ်စီးခနှုန်းထားများ ကျဆင်းမှုမရှိသေးကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMT #SZ