ပြင်ဦးလွင်မြို့တွင် TNLA အကြမ်းဖက်အဖွဲ့နှင့် ဆက်နွယ်နေသူ အမျိုးသားတစ်ဦးအား ဖမ်းဆီးရမိ


(ပြည်တွင်း) ဩဂုတ် ၂၈

TNLA အကြမ်းဖက်အဖွဲ့နှင့် ဆက်သွယ်၍ ၎င်းတို့ သွားရောက်လိုသည့်နေရာများအား လိုက်လံပို့ဆောင်ကူညီပေးသူတစ်ဦးအား ပြင်ဦးလွင်မြို့တွင် ဖမ်းဆီးရမိကြောင်း သိရသည်။

ဩဂုတ်လ ၂၅ ရက်နေ့တွင် TNLA အကြမ်းဖက်အဖွဲ့အဖွဲ့နှင့် ဆက်နွယ်နေသူ အောင်နိုင်လင်း(ခ)ကိုမဲ၊ အသက် ၄၀ နှစ်၊ သစ်ရောင်း/ဝယ်၊ ဘန့်ဘွေးကျေးရွာ၊ နောင်ချိုမြို့နေသူ ငှားရမ်းနေထိုင်သည့် ပြင်ဦးလွင်မြို့၊ရပ်ကွက်ကြီး(၂)၊ မြမာလာရပ်ကွက်၊ ပုညလမ်းရှိနေအိမ်သို့ လုံခြုံရေးပူးပေါင်းအဖွဲ့မှ သွားရောက်ရှာဖွေခဲ့ရာ ၎င်းအားနေအိမ်တွင် အသင့်တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၎င်းသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်မှစ၍ နောင်ချိုမြို့နယ်၊ မယ်ဟုန်ကျေးရွာနှင့် ဘန်ဘုံကျေးရွာအနီး၌ တပ်မတော်စစ်ကြောင်းများ သွားလာမှုအခြေအနေများအား TNLA အကြမ်းဖက်အဖွဲ့ထံ ၃ ကြိမ် သတင်းပေးပို့ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်နေ့တွင် ဒုဌဝတီမြစ်အနီးရှိ မယ်ဟုန်ကျေးရွာသို့ TNLA အကြမ်းဖက်အဖွဲ့ဝင် ၈၀ ဦးခန့်အား လေးလုံးထိုးယာဉ်ဖြင့် ၂ ခေါက် ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပြီး ဥပဒေအရ အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN

ZN #SZ