ဟူသီတို့ တိုက်ခိုက်မှုခံထားရသည့် ရေနံတင်သင်္ဘော ရေနံယိုစိမ့်မှုဖြစ်နိုင်ကြောင်း ပင်တဂွန်ဆို


(နိုင်ငံတကာ) ဩဂုတ် ၂၈

ပြီးခဲ့သည့် သတင်းပတ်က ဟူသီတို့ တိုက်ခိုက်ခဲ့သည့် ရေနံတင် သင်္ဘောသည် ရေနံယိုစိမ့်မှုဖြစ်နိုင်ကြောင်း အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်က ပြောကြားခဲ့သည်။

ဂရိနိုင်ငံအလံတင်ထားသည့် MV Sounion အား ပြန်လည် ကယ်ဆယ်ရန် ကြိုးပမ်းသော်လည်း ဟူသီများ ထပ်မံတိုက်ခိုက်ခံရမည်စိုးသောကြောင့် ကယ်ဆယ်၍မရကြောင်းသိရသည်။

အဆိုပါ MV Sounion ရေနံတင် သင်္ဘောသည် ရေနံစိမ်းတန်ချိန် ၁၅၀၀၀၀ (သို့မဟုတ်) ရေနံစိမ်းစည်ပေါင်း တစ်သန်းကျော်တင်ဆောင်လာသည့် သင်္ဘောဖြစ်ပြီး အဆိုပါ သင်္ဘောမှ ရေနံယိုဖိတ်မှုဖြစ်ပေါ်မည်ဆိုပါက သမိုင်းတွင် အကြီးမားဆုံးသော ရေနံယိုဖိတ်မှုဖြစ်နိုင်ကြောင်း ပင်တဂွန်ကဆိုသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMK #SZ