အရှေ့တောင်အာရှဒေသက EV ထုတ်လုပ်မှုဗဟိုချက်ဖြစ်လာမည်


(နိုင်ငံတကာ) ဩဂုတ် ၂၇

အရှေ့တောင်အာရှဒေသသည် လျှပ်စစ်ကား(EV)များထုတ်လုပ်မှုလုပ်ငန်းအတွက် ဗဟိုချက်နေရာ ဖြစ်လာမည်ဖြစ်ကြောင်း ဩဂုတ်လ ၂၆ ရက်တွင် ထုတ်ပြန်သော BloombergNEF ၏နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြထားသည်။

အထူးသဖြင့် ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်၊ စင်ကာပူနှင့် ဖိလစ်ပိုင်နိုင်ငံတို၌ EV ကား ဝယ်လိုအားနှင့် ထုတ်လုပ်မှုကဏ္ဍမြင့်မားလာနိုင်ကြောင်း အစီရင်ခံစာတွင် ရေးသားထားသည်။

ပြီးခဲ့သည့်နှစ်အတွင်း အရှေ့တောင်အာရှဒေသ၌ ခရီးသည်တင် EV ကားများရောင်းချမှုသည် အစီးရေတစ်သိန်းခွဲကျော်ဖြင့် သုံးဆကျော် မြင့်မားလာကြောင်း၊ ၎င်းတို့အနက် ထိုင်းနိုင်ငံ၌ရောင်းချမှုက အစီးရေ ၈၀,၀၀၀ ကျော်ဖြင့် ပထမ နေရာတွင် ရှိကြောင်း အစီရင်ခံစာတွင် ဆက်လက်ဖော်ပြထားသည်။

ထို့ပြင် ၂၀၄၀ ပြည့်နှစ်အရောက်တွင် ခရီးသည်တင် EV ကားများရောင်းချရမှုသည် အစီးရေ ၂ ဒသမ ၇ သန်း နီးပါးအထိ ရောက်ရှိလာနိုင်ကြောင်းနှင့် ထိုပမာဏသည် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ဆိုလျှင် ၅၆ ရာခိုင် နှုန်း ရှိမည်ဖြစ်ကြောင်း BloombergNEF စီးပွားရေးပြောင်းလဲမှု အလားအလာအစီရင်ခံစာတွင် ဖော်ပြထားသည်ဟု သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ