မလေးရှားရေတပ်သင်္ဘောတစ်စီးနစ်မြုတ်


(နိုင်ငံတကာ) ဩဂုတ် ၂၆

မလေးရှား ရေတပ်စစ်သင်္ဘောတစ်စီး ဂျိုဟိုပြည်နယ်အနီးရှိ ကမ်းခြေတွင် ဩဂုတ်လ ၂၅ ရက်နေ့က နစ်မြုတ်ခဲ့ကြောင်းသိရသည်။

နစ်မြုပ်သွားသည့် ရေတပ်သင်္ဘောမှ တပ်ဖွဲ့ဝင်များအား ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ခဲ့ပြီး တပ်ဖွဲ့ဝင် သင်္ဘော ၃၉ ဦးအား ကယ်တင်နိုင်ခဲ့ကြောင်း မလေးရှားတော်ဝင်ရေတပ်က သတင်းထုတ်ပြန်ထာသည်။

သင်္ဘောသည်အမည်မသိ ရေအောက်မှ အရာဝတ္ထုတစ်ခုအား တိုက်မိခဲ့ပြီး ရေယိုစိမ့်မှုဖြစ်ပွားကာ နစ်မြုတ်ခဲ့ကြောင်းသိရသည်။

အဆိုပါ မတော်တဆမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMK #SZ