အမျိုးသမီး နှစ်ဦးအား အကြမ်းဖက် PDF အဖွဲ့မှ ဒလန်ခေါင်းစဉ်တပ်၍ သတ်ဖြတ်


(ပြည်တွင်း)ဩဂုတ် ၂၃

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးကျေးရွာအုပ်စု၊ အခြေခံရပ်ကွက်တွင် ယနေ့နံနက် ၉ နာရီအချိန်ခန့်က အမျိုးသမီး နှစ်ဦးအား အကြမ်းဖက် PDF အဖွဲ့မှ သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ အခြေခံရပ်ကွက်တွင် နေထိုင်ကြသည့် ဒေါ်အေးအေး၊ အသက် ၄၉ နှစ်၊(ဘ)ဦးဝင်းမြင့် (ပြည်ခိုင်ဖြိုးပါတီဝင်)နှင့် ဒေါ်အမာ၊ အသက် ၅၆ နှစ်၊ (ဘ)ဦးအောင်ဖေ(ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူ)တို့သည် ၎င်းတို့၏ နေအိမ်အသီးသီး၌ရှိနေစဉ် အကြမ်းဖက် PDF အဖွဲ့ဝင် ၈ ဦး၊ ဆိုင်ကယ် ၄ စီးဖြင့်ရောက်ရှိ လာပြီး သေနတ်ဖြင့် ပစ်ခတ်သဖြင့် သေဆုံးသွားကြောင်း၊ ၎င်းတို ၂ ဦးအား စစ်တပ်သတင်းပေး ဒလန်ခေါင်းစဉ်ဖြင့် သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

ဩးဂုတ်လ ၁၉ ရက်နေ့က ငါန်းမြာကြီးရဲစခန်း အတိုက်ခံရပြီးနောက် ငါန်းဇွန်မြို့နယ် အနောက်ခြမ်းသည် လုံခြုံရေးအဖွဲ့အစည်းများ မရှိတော့သဖြင့် အကြမ်းဖက် သမားများ လွတ်လပ်စွာ ဝင်ထွက်သွားလာလှုပ်ရှားလျှက်ရှိပြီး ဒေသခံပြည်သူများ ထိတ်လန့်ကြောက်ရွံ့စွာ နေထိုင်နေရကြောင်း၊ ငါန်းဇွန်မြို့နယ်မှာ စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့​နှင့် ထိစပ်လျက်ရှိပြီး မန္တလေးတိုင်းဒေသကြီးအတွင်း၌လည်း အကြမ်းဖက် PDF များ လှုပ်ရှားနေသည့် မြင်းခြံ၊ နွားထိုးကြီး၊တံတားဦးမြို့နယ်တို့နှင့်လည်း ထိစပ်နေကြောင်း၊ ငါန်းဇွန်မြို့နယ် အနောက်ဘက်ခြမ်းရှိ သားကျင်၊ ဆင်ဖြူကုန်း၊ ငါန်းမြာကျေးရွာတို့တွင် အကြမ်းဖက် PDF များ စုဖွဲ့လျက်ရှိကြောင်း သိရသည်။

အထူးသဖြင့် ငါန်းမြာကြီး နယ်မြေရဲစခန်းအား အကြမ်းဖက် PDF များက ဝင်ရောက်စီးနင်း တိုက်ခိုက်ပြီးနောက် လုံခြုံရေးအတွက် စိုးရိမ်ရသည့် အနေအထားဖြစ် နေ၍ ငါန်း​ဇွန်မြို့နယ်၏ အနောက်ဘက်ခြမ်းဖြစ်သော ငါန်းမြာကျေးရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ အခြေပြုကာ နယ်​မြေလုံခြုံရေး ဆောင်ရွက်ပေးစေလိုကြောင်း ဒေသခံပြည်သူများမှ တောင်းဆိုလျက်ရှိကြကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

ZN #SZ