Seven Eleven တွင် ရိတ္ခါဝယ်နေသည့် KTLA တပ်ဖွဲ့ဝင်တစ်ဦး ရဲဒင်းနဲ့အခုတ်ခံရပြီး သေဆုံး


(နိုင်ငံတကာ) သြဂုတ် ၃၃

ကော်သူးလေတပ်မတော်ဟုခေါ်သည့် KTLA မှ တပ်ဖွဲ့ဝင်တစ်ဦးသည် ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ အုမ့်ဖန်မြို့နယ်ရှိ Seven Eleven ကုန်တိုက်တွင်စျေးဝယ် နေစဥ် ရဲဒင်းဖြင့်အခုတ်ခံရပြီး သေဆုံးသွားကြောင်းသိရသည်။

KTLA မှ ဒုတပ်ခွဲမှုးအဆင့်ရှိ ရဲထက်ဇော် ( ၂၂ နှစ် ) သည် ဩဂုတ် ၁၉ ရက် မနက် ၅ နာရီအချိန်ခန့်တွင် ထိုင်းနိုင်ငံ အုမ့်ဖန်မြို့ရှိ Seven Eleven ကုန်တိုက်တွင် ရိတ္ခါအတွက် စျေးဝယ်နေစဥ် လူတစု၏ ရန်စခြင်းခံရပြီး ရဲဒင်းဖြင့် အခုတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းသတင်းဌာနများ၏ဖော်ပြချက်အရ ရဲထက်ဇော်သည် ကုန်စုံဆိုင်သို့ ဆိုင်ကယ်ဖြင့် ဈေးလာဝယ်စဉ် ယင်းအနား၌ ဝိုင်းဖွဲ့ပြီး အရက်သောက်နေကြသည့် လူတစ်စုမှ သူ့နားသို့ရောက်လာပြီး စစ်ဆေးမှုတစ်ခုပြုလုပ်ခဲ့ကြောင်း ယင်းနောက် စကားများပြီး ၎င်းနောက်သို့လိုက်ကြကြောင်း ၎င်းမှရပ်ကွက်အတွင်းသို့ လှည့်ပတ်ထွက်ပြေးနေပြီးနောက် လူတယောက်က ရဲဒင်းနဲ့ လိုက်ခုတ်နေသည့် ရုပ်ပုံအား စီစီကင်မရာတွင်တွေ့ရကြောင်း၊ အဲဒီနောက် ရဲထက်ဇော်က အနီးနားရှိ ဒေသတွင်း နိုင်ငံရေးသမားတယောက်၏ နေအိမ်သို့ဝင်ပြေးခဲ့သော်လည်း နောက်မှလိုက်လာသူများမှ အိမ်ဝင်းထဲ ထိဝင်ပြီး ၎င်း၏ခေါင်းကို ရဲဒင်းဖြင့် ခုတ်ထစ်ခဲ့ သည်ဟု သိရသည်။

တရားခံမှာ ရဲစခန်းတွင်လာရောက်အဖမ်းခံခဲ့သည်ဟု ပြောဆိုထားသော် မည်သည့်နိုင်ငံသားဖြစ်သည် မည်သူမည်ဝါနှင့် မည်ကဲ့သို့ အရေးယူမည်ကို ထုတ်ပြန်ထား ခြင်းမရှိဟု သိရသည်။

ပြီးခဲ့သည်အပတ်မှစ၍ ကရင်သောင်းကျန်းသူများနှင့် အကြမ်းဖက် PDF အုပ်စုများအကြား စိတ်ဝမ်းကွဲပြားမှုများ တပ်ဖွဲ့မှစွန့်ခွာမှုများ ဖြစ်ပေါ်နေပြီး ယခုကိစ္စနှင့် ပတ်သက်ပြီး မည်သူမှလုပ်ဆောင်ခဲ့သည်ကို မသိရှိရပေ။

Telegram»…
https://t.me/positiveanglenews

PAN

AMT #SZ