ဆင်ပေါင်ဝဲမြို့နယ်တွင် ဆီဘောက်ဆာယာဉ်(၁)စီး တိမ်းမှောက်မှုဖြစ်ပွား


(ပြည်တွင်း)ဩဂုတ် ၂၃

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ သာယာကုန်းကျေးရွာအနီးတွင် ယနေ့နံနက် ၆ နာရီ ၃၅ မိနစ်အချိန်က ဆီဘောက်ဆာယာဉ်(၁)စီး တိမ်းမှောက်မှုဖြစ်ပွားကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ ယဥ်တိမ်းမှောက်သည့်နေရာသို့ ဆင်ပေါင်ဝဲမြို့နယ်၊ မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ အောင်လံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် မီးလောင်မှု မဖြစ်ပွားစေရေးအတွက် အအေးပေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း၊ ယာဥ်တိမ်းမှောက်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

ZN #SZ