လေးပင်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး၏ ဖခင်ဖြစ်သူအား အကြမ်းဖက် PDF အဖွဲ့မှ သတ်ဖြတ်


(ပြည်တွင်း) ဩဂုတ် ၂၂

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ လေးပင်ကုန်းကျေးရွာအုပ်စု၊ လေးပင်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး၏ ဖခင်ဖြစ်သူအား အကြမ်းဖက် PDF အဖွဲ့မှ ရက်ရက်စက်စက် သတ်ဖြတ်သွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယမန်နေ့ည ၇ နာရီ ၁၀ မိနစ်အချိန်ခန့်က လေးပင်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမင်းမင်းသန်း၏ ဖခင်ဖြစ်သူ ဦးသန့်ရှင်း၊ အသက် ၆၇နှစ်၊ (ဘ)ဦးကံရှင်၏ နေအိမ်သို့ အကြမ်းဖက် PDF အဖွဲ့ အင်အား ၁၀ ဦးခန့်သည် AMBULNCE အန်စာတုံး အဖြူရောင် ကားဖြင့် ရောက်ရှိလာပြီး ဦးသန့် ရှင်းအား “ခင်ဗျားသားအုပ်ကြီး ဘယ်မှာလဲ”ဟုမေးရာ ဦးသန့်ရှင်းမှ သားဖြစ်သူနေအိမ်တွင်မရှိသည်မှာ ၉ ရက် ၁၀ ရက် ခန့်ရှိပြီ ဖြစ်ကြောင်း ပြန်ပြောစဥ် “ခင်ဗျားညာတယ်”ဟုပြောပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ပြီး နေအိမ်ရှိ DAYANG-125 တစ်စီးအား မောင်းနှင်၍ လေးပင်ကုန်းရွာ၏ အရှေ့ဘက် (၅)မိုင်ခန့်အကွာ နရွဲတောကျေးရွာဘက်သို့ ထွက်ခွာသွားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

ZN #SZ