ချမ်းအေးသာစံမြို့၊ တောင်ကြီးမြို့နှင့် ရွှေညောင်မြို့နယ်တို့တွင် ငွေကျပ် ၂,၃၇၉ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ


(မှုခင်း) ဩဂုတ် ၂၁

ချမ်းအေးသာစံမြို့၊ တောင်ကြီးမြို့နှင့် ရွှေညောင်မြို့နယ်တို့တွင် ငွေကျပ် ၂,၃၇၉ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၁၈ ရက် ညနေ ၆ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအရှေ့ရပ်ကွက်ရှိ သန်းထွန်းအောင် ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၄၂,၇၀၅ ပြားနှင့် စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water သုည ဒသမ ၁၂၆ ကီလို၊ ကက်တမင်း သုည ဒသမ ၀၂ ကီလို၊ အိုက်စ် သုည ဒသမ ၁၃၅ ကီလို အားဖမ်းစီးရမိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၁၉ ရက် ညနေ ၆ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်လေးလုံး ကျေးရွာအုပ်စု၊ တောင်လေးလုံးကျေးရွာအနီးတွင် ဇော်ဦး(ခ)သက်ဟိန်း မောင်းနှင်လာသည့် TOYOTA CALDINA အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ပြောင်းဆေးဝါးများ ဖြစ်သည့် ကက်တမင်း ၇ ဒသမ ၄ ကီလို၊ Happy Water ၁ ဒသမ ၄၉ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ