အလောင်းအား လာရောက်သယ်ဆောင်မည့် လုံခြုံရေးအဖွဲ့အား ပစ်ခတ်ရန် PDF များစောင့်ဆိုင်နေဟုဆို


(ပြည်တွင်း) သြဂုတ် ၂၁

အောင်လံခရိုင်၊ အောင်လံမြို့နယ်၊ ဆင်တုပ်ကျေးရွာအုပ်စု၊ ကန်စွန်းအင်းကျေးရွာနှင့် ၎င်း‌ ကျေးရွာအနီးတဝိုက်ဖြစ်သော ဒေသအခေါ် (နတ်စင်ကျော) တို့တွင် အကြမ်းဖက် PDFအဖွဲ့မှ အင်အား(၁၀၀) ဦးခန့်ရောက်ရှိနေကြောင်း သတင်းအရင်းအမြစ်များ၏ပြောဆိုချက်များအရ သိရသည်။

ယင်း PDF အကြမ်းဖက်များမှာ ပြီးခဲ့သည့် သြဂုတ်လ ၁၈ နေ့မှစ၍ ရောက်ရှိအခြေပြုလျှက်ရှိပြီး အကြမ်းဖက်လုပ်ငန်းများကို ဆောင်ရွက်နေပြီးယမန်နေ့ သြဂုတ်လ ၂၀ ရက်နေ့ည ၈နာရီခွဲအချိန်ခန့်က ၎င်းတို့သတ်ဖြတ်ခဲ့သည့် အင်တောသာကျေးရွာနေ ဦးအောင်လှကြည်၏ အလောင်းအားလာရောက်စစ်ဆေးသယ်ဆောင်မည့် လုံခြုံရေးအဖွဲ့အား ခြုံခိုတိုက်ခိုက်ရန် PDFအကြမ်းဖက်(၅၀)ဦးခန့်မှ အင်တောသာကျေးရွာအနီး ဒေသအခေါ် (ချင်ကုန်းကြီး) တွင်စောင့်ဆိုင်းနေခဲ့သည်ဟု သတင်းအရင်းအမြစ်၏ပြောဆိုချက်အရ သိရသည်။

၎င်းအဖွဲ့သည် ယနေ့ သြဂုတ် ၂၁ ရက်နေ့ ညဦးပိုင်းတွင် ကန်စွန်းအင်းကျေးရွာဘုန်းကြီးကျောင်းနှင့် ရွာအပြင်တဲတွင် အင်အား(၁၀၀)ခန့်ဖြင့် ပြန်လည်အခြေပြုလျှက်ရှိသည်ဟုလည်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMT #SZ