PDF က ဝင်တိုက်ပြီး အလံထောင်သည့် တံတားဦးလေကြောင်းရန်တပ်ကို ပြန်လည်ထိန်းချုပ်


(ပြည်တွင်း) သြဂုတ် ၂၁

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နှင့် ၂၂ မိုင်ခန့်အကွာ၊ (တံတားဦးမြို့နယ်နှင့် နွားထိုးကြီးမြို့နယ်အစပ်)၊ တံတားဦးမြို့နယ်၊ မြိုင်သာကျေးရွာရှိ လေကြောင်းရန်ကာကွယ်ရေးတပ်၊ ကာကင်းစခန်းအား အကြမ်းဖက် PDF အင်အား ၁၀၀ ဦးခန့်က ယမန်နေ့ သြဂုတ် ၂၀ ရက်နေ့ မွန်းလွဲ ၂ အချိန်ခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကင်းစခန်းတွင် တပ်ဖွဲ့ဝင် ၁၀ ဦးခန့်သာရှိပြီး တပ်ဖွဲ့ဝင်များမှ ဆုတ်ခွာပေးခဲ့သည့် အချိန်တွင် အကြမ်းဖက် PDF များက စခန်းအတွင်းဝင်ရောက်ပြီး ဓါတ်ပုံရိုက်ကူးကာ တံတားဦးလေကြောင်းရန် ကာကွယ်ရေး တပ်အား သိမ်းပိုက်လိုက်ကြောင်း အကြမ်းဖက်အားပေးသည့် မီဒီယာများမှ ဖော်ပြခဲ့ကြသည်။

ယင်းကင်းစခန်းအား တပ်မတော်စစ်ကြောင်းမှ သွားရောက်ရှင်းလင်းခဲ့ရာ အကြမ်းဖက် PDF များ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ကင်းစခန်းအား တပ်မတော်မှ ပြန်လည်ထိန်းချုပ်ထားလိုက်ပြီဖြစ်ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMT #SZ