ထိုင်းတွင် မျောက်ကျောက်ရောဂါ မျိုးကွဲဗိုင်းရပ်စ်သစ် ကူးစက်ခံ သံသယလူနာတစ်ဦးတွေ့ရှိ


(နိုင်ငံတကာ) ဩဂုတ် ၂၁

ထိုင်းနိုင်ငံတွင် မျောက်ကျောက်ရောဂါ မျိုးကွဲဗိုင်းရပ်စ်သစ် ကူးစက်ခံ သံသယလူနာတစ်ဦးတွေ့ရှိခဲ့ကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

သံသယလူနာသည် အာဖရိကဒေသမှ ထိုင်းနိုင်ငံသို့ရောက်ရှိလာသည့် ဥရောပနိုင်ငံသားတစ်ဦးဖြစ်ကြောင်း ထိုင်းနိုင်ငံရောဂါထိန်းချုပ်ရေးဌာန တာဝန်ရှိသူ Thongchai Keeratihattayakorn ကပြောသည်။

အဆိုပါ သံယလူနာ၏ ရောဂါနှင့်ပတ်သက်ပြီး ဓာတ်ခွဲစစ်ဆေးနေပြီး မျောက်ကျောက်ရောဂါ မျိုးကွဲသစ် ဗိုင်းရပ်စ်အမည်အား အတည်မပြုနိုင်ကြောင်းသိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMK #SZ