ယူကရိန်းနိုင်ငံသားအများစု က သမ္မတ ဇီလန်စကီးကို မုန်တီးနေသည်ဟု လူကာရှန်ကို ပြော


(နိုင်ငံတကာ) ဩဂုတ် ၂၀

ယူကရိန်းနိုင်ငံသားအများစု က ၎င်းတို့၏သမ္မတ ဇီလန်စကီးကို မုန်းတီးနေသည်ဟု ဘယ်လာရုစ် သမ္မတ လူကာရှန်ကို က ပြောထားသည်။

ထိုပြင် ရုရှားနှင့်ပဋိပက္ခတွင် အသက်မဆုံးရှုးချင်ကြသော ပြည်သူများနှင့် ယူကရိန်းအစိုးရတို့ကြား ထိတွေ့ဆက်ဆံမှု က ကင်းကွာနေပြီဖြစ်ကြောင်း လူကာရှန်ကို က ဆက်ပြောသည်။

ယူကရိန်းပြည်သူ ၇၀ ရာခိုင်နှုန်းအနေဖြင့် သမ္မတကို မုန်းတီးနေရသည့် အဓိကအကြောင်းရင်းမှာ ဇီလန်စကီး သည် အပြောတစ်မျိုးအလုပ်တစ်မျိုး ဆောင်ရွက်မှုများကြောင့်ဖြစ်ကြောင်း လူကာရှန်ကို က ဆိုသည်။

အလားတူ ဘယ်လာရုစ်နိုင်ငံသို့ ရောက်လာသော ယူကရိန်းပြည်သူများ အထူးသဖြင့် အရွယ်ရောက်ပြီးသူ များကို အလုပ်အကိုင်နှင့်နေရာဖန်တီးပေးထားကြောင်း ၎င်းက ဆက်ပြောသည်။

ဇွန်လအစောပိုင်းတွင် ယူကရိန်း ပညာရှင်များ ထုတ်ပြန်သောစစ်တမ်း၌ ဇီလန်စကီးလက်ထက်တွင် ဒီမိုကရေစီစနစ်၏လုပ်ဆောင်မှုများ ကျဆင်း လာသည်ဟု ပြည်သူ ၄၈ ရာခိုင်နှုန်းက ယုံကြည်ထားပြီး ၎င်းတို့အနက် ၂၈ ရာခိုင်နှုန်းမှာ အစိုးရကို အပြစ်တင်ထား ကြောင်း RT သတင်းဌာန ဖော်ပြချက်အရ သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ