တောင်တရုတ်ပင်လယ်အတွင်း တရုတ်နှင့်ဖိလစ်ပိုင်တိုမှ ကမ်းခြေစောင့်တပ်ဖွဲပိုင်ရေယာဉ်များ တိုက်မိမှု ဖြစ်ပွား


(နိုင်ငံတကာ) ဩဂုတ် ၂၀

တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံနှင့်ဖိလစ်ပိုင်နိုင်ငံတို့မှ ကမ်းခြေစောင့်တပ်ဖွဲ့ပိုင်ရေယာဉ်များ တိုက်မိမှု ဖြစ်ပွားကြောင်း သိရသည်။

အဆိုပါ ရေယာဉ်နှစ်စင်းသည် နှစ်နိုင်ငံစလုံးမှ ပိုင်ဆိုင်မှုအငြင်းပွားနေဆဲ သောင်စွယ်အနီး၌ ဩဂုတ်လ ၁၉ ရက် နံနက်ပိုင်းတွင် တိုက်မိခြင်းဖြစ်သည်ဟု နှစ်နိုင်ငံစလုံးက ထုတ်ပြန်ထားသည်။

ဒေသစံတော်ချိန် နံနက် ၃ နာရီ ၂၄ မိနစ်တွင် ဖိလစ်ပိုင်နိုင်ငံမှ ကမ်းခြေစောင့်တပ်ဖွဲပိုင်ရေယာဉ်သည် တရုတ်ဘက်၏အကြိမ်ကြိမ်သတိပေးမှုကို လျစ်လျူရှုကာ တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ပိုင်ရေယာဉ်ကို တမင် ရည်ရွယ်ချက်ရှိရှိဝင်တိုက်ခြင်းဖြစ်ကြောင်း တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကန်းယု က ပြောသည်။

ထို့နောက် နံနက် ၆ နာရီတွင် ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ပိုင်ရေယာဉ်သည် တရုတ်ရေပိုင်နက်ထဲသို ကျူးကျော်ဝင်ရောက်လာပြန်သောကြောင့် လိုအပ်သောထိန်းချုပ်မှုလုပ်ငန်းများကို ဥပဒေနှင့်အညီလုပ်ဆောင်ခဲ့ ကြောင်း ကန်းယု က ဆက်ပြောသည်။

ဖိလစ်ပိုင်နိုင်ငံ၏ယခုလိုအကြိမ်ကြိမ်လုပ်ဆောင်မှုသည် တရုတ်နိုင်ငံ၏အချုပ်အခြာအာဏာကို ထိခိုက်စေကာ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးကို ပျက်စီးစေမည်ဖြစ်သောကြောင့် ထိုလုပ်ရပ်မျိုးကို ရပ်တန့်ရန်နှင့် သို့မဟုတ်ပါက ဖြစ်ပေါ်လာသောအကျိုးဆက်များအတွက် ဖိလစ်ပိုင်၌တာဝန်ရှိမည်ဖြစ်ကြောင်း ကန်းယု က ပြောထားသည်။

တစ်ဖက်တွင်မူ တရုတ်နိုင်ငံမှ ရေယာဉ်များနှင့်တိုက်မိသောကြောင့် ဖိလစ်ပိုင်ကမ်းခြေစောင့် တပ်ဖွဲ့ပိုင် ရေယာဉ်နှစ်စင်းစလုံး ထိခိုက်ပျက်စီးမှုရှိကြောင်းနှင့် တရုတ်ရေယာဉ်များသည် ဥပဒေနှင့်မညီသော အန္တရာယ်ရှိသည့် လှုပ်ရှားမှုမျိုးဖြင့် ဝင်လာခြင်းဖြစ်ကြောင်း ဖိလစ်ပိုင်အမျိုးသားလုပ်ငန်းတာဝန်အဖွဲ့က ပြောသည်။

တရုတ် နိုင်ငံနှင့်ဖိလစ်ပိုင်နိုင်ငံတိုက ၎င်းတို့၏ကမ်းခြေစောင့်ရေယာဉ်များကို ပိုင်နက်အငြင်းပွားရာ ရေပြင်သို့ မကြာခဏ စေလွှတ်ကာ ကင်းလှည့်ခြင်းလုပ်ငန်းကို ဆောင်ရွက်သောကြောင့် ထိုကဲ့သို့ မတော်တဆမှု ဖြစ်လေ့ရှိကြောင်း ဆင်ဟွာသတင်းဌာန ဖော်ပြချက်အရ သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

#SZ