ဥတ္တံတားတွင် ဖောက်ခွဲရာ၌အသုံးပြုသော ဆက်စပ်ခဲယမ်းများသိမ်းဆည်းရမိ


ဩဂုတ် ၁၉
မွန်ပြည်နယ် ပေါင်မြို့နယ် ဥတ္တံတားကျေးရွာ(အပြင်ရွာ) ယနေ့ သြဂုတ် ၁၉ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ဖောက်ခွဲမှုတွင်အသုံးပြုသော ခဲယမ်းများ ဖမ်းဆီးရမိကြောင်း သိရသည်။

ဥတ္တံတားကျေးရွာ(အပြင်ရွာ) တွင်ပေါက်ကွဲသံကြားရ၍ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့မှသွားရောက်စစ်ဆေးရာ ရပ်ကွက်(၆)၊ ဘောဃဗလလမ်းရှိ ဦးပြည့်ဖြိုးအောင်၏ နေအိမ်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် ဆက်လက်စစ်ဆေးရာ အကြမ်းဖက်ဖောက်ခွဲရေးတွင် အသုံးပြုသော ဆက်စပ်ခဲယမ်းများ သိမ်းဆည်းရမိကြောင်းသိရသည်။

အဆိုပါပေါက်ကွဲမှုမှာ ဦးပြည့်ဖြိုးအောင် ပိုင်ဆိုင်သည့် နေအိမ်၏ အနောက်ဘက်ကပ်ရက် ပျဉ်ထောင်ပျဉ်ခင်း၊ သွပ်မိုး စပါးသိုလှောင်သည့် ဂိုဒေါင်အတွင်းတွင် ဦးပြည့်ဖြိုးအောင်မှ ဖောက်ခွဲရေးလုပ်ငန်းများတွင် အသုံးပြုမည့် လက်လုပ်မိုင်း(၁)လုံးမှာ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါပေါက်ကွဲမှုကြောင့် စပါးသိုလှောင်သည့် ဂိုဒေါင်မှာ ပြိုကျပျက်စီးခဲ့ပြီး ၎င်း၏နေအိမ်နှင့် အနီးပတ်ဝန်းကျင်အား ဆက်လက်ရှင်းလင်းရှာဖွေရာ နေအိမ်တွင် လူနေထိုင် ခြင်းမရှိဘဲ နေအိမ်အနီးပတ်ဝန်းကျင်နှင့် စပါးသိုလှောင်သည့် ဂိုဒေါင်အနီးဝန်းကျင်တွင် ကိုးလုံးကျည်ကျည်ခွံ (၂၀) ခွံ၊ ကျည်ခွံမျိုးစုံ (၃၀၀) တောင့်၊ မပေါက်ကွဲသေးသော ၄၀ မမ ဗုံးသီး (၂) လုံး၊ ဖောက်ခွဲဖျက်ဆီးရာတွင် အသုံးပြုသည်ဟုယူဆရသော သံဘောစိရောရာ (၁)ပိဿာခန့်၊ ဖောက်ခွဲဖျက်ဆီးရာတွင်အသုံးပြုသည်ဟုယူဆရသော သံဖြတ်စ (၂)ပိဿာခန့်၊ ဝရိန်ဆော်ရာတွင် အသုံးပြုသည့်ဝရိန်ချောင်း(၃၀) ချောင်းကို ရှာဖွေတွေ့ရှိကြကြောင်း သိရသည်။

#PAN