“မြစ်ကြီးနားနှင့် လားရှိုးရုံးခွဲများမှာ နိုင်ငံကူးလက်မှတ်ပြုလုပ်ရန် Appointment Date ရယူထားသူများ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးတို့မှာ ဆောင်ရွက်နိုင်”


(ပြည်တွင်း)သြဂုတ် ၁၉
မြစ်ကြီးနားနှင့် လားရှိုးရုံးခွဲများမှာ နိုင်ငံကူးလက်မှတ်ပြုလုပ်ရန် Appointment Date ရယူထားသူများ အနေဖြင့် ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမှာ ဆောင်ရွက်နိုင်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှ သိရသည်။
ဇူလိုင်လ ၂၂ ရက်မှစ၍ မြစ်ကြီးနားရုံးခွဲတွင် Appointment Date ရယူထားပြီး နိုင်ငံကူးလက်မှတ် လျှောက်ထားမည့်သူများကို ဩဂုတ်လ ၁၃ ရက်မှစ၍ မန္တလေးရုံးမှာ ဆောင်ရွက်နိုင်ပြီး လားရှိုးရုံးခွဲမှာ ဇူလိုင်လ ၅ ရက် မှစ၍ Appointment Date ရယူထားပြီး နိုင်ငံကူးလက်မှတ် လျှောက်ထားမည့် သူများကို ဩဂုတ်လ ၁၃ ရက်မှစ၍ ရန်ကုန်ရုံးနှင့်တောင်ကြီးရုံးတွင် ဆောင်ရွက်နိုင်ကြောင်း အသိပေးထားပါတယ်။
မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့အနေဖြင့် နိုင်ငံကူးလက်မှတ်များအား မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေးရုံး(ရန်ကုန်)မှာ ဖေဖော်ဝါရီလ ၂၄ ရက်မှစ၍ လည်းကောင်း၊ နေပြည်တော်၊ မန္တလေး၊ ပုသိမ်၊ ပဲခူးတို့မှာ ဖေဖော်ဝါရီလ ၂၆ ရက်မှစ၍လည်းကောင်း Online Appointment System စနစ်ဖြင့် လုပ်ငန်းစဉ်အတိုင်း စိစစ် ထုတ်ပေးလျက်ရှိပါတယ်။
ယင်းတွင် မြစ်ကြီးနား၊ မုံရွာ၊ လားရှိုး၊ တောင်ကြီး၊ ကျိုင်းတုံ၊ စစ်တွေ၊ ဟားခါး၊ ဘားအံ၊ မော်လမြိုင်၊ ထားဝယ်၊ မကွေးတို့တွင် မေလ ၂ ရက်မှစ၍ Online Appointment System ဖြင့် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပါတယ်။
#PAN