ဒီပဲယင်းမြို့နယ်၊ ကံပြားရွာအနီးနှင့်ပင်လည်ဘူးမြို့အနီး အကြမ်းဖက် PDF အလောင်းများ၊ လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ


ဩဂုတ် ၁၉

ယမန်နေ့ နေ့လည် ၁ နာရီခန့်က ကံပြားရွာအနီး နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့ များသည် အကြမ်းဖက်PDF များက တိုက်ခိုက်လာသဖြင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

ယင်းထိတွေ့တိုက်ပွဲမှ အကြမ်းဖက်PDF ၁ လောင်း၊ အမ်-၂၂ သေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည်ကာဦးထုပ် ၁ လုံးတို့ကို သိမ်းဆည်းရမိကြောင်း သိရပါသည်။

အလားတူ ဩဂုတ်လ ၁၇ ရက် နံနက် ၈ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ပင်လည်ဘူးမြို့အနီးတွင်လည်း အကြမ်းဖက်PDFအဖွဲ့များနှင့် ထိတွေပစ်ခတ်မှုဖြစ်ရာအကြမ်းဖက် PDF အလောင်း ၂ လောင်း၊အမ်-၂၂ သေနတ် ၁ လက်၊ ကျည်အိမ် ၂ ခု၊ ကျည် ၃၀ တောင့် တို့ကို သိမ်းဆည်းရမိကြောင်း သိရပါသည်။

#PAN