စစ်ကိုင်းနှင့် ကလေးမြို့ နယ်တို့တွင် မူးယစ်ဆေးဝါးနှင့်ထိန်းချုပ်ဓာတုပစ္စည်းများ ဖမ်းဆီးရမ်

(မှုခင်း) သြဂုတ် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ ၊ ရတနာပုံတံတားတွင် စစ်ကိုင်းဘက်မှ မန္တလေးဘက်သို့ မင်းမင်းဦး မောင်းနှင်ပြီး အောင်ဇော်ထွေး လိုက်ပါလာသည့် NISSAN CANTER ၆ ဘီးမော်တော်ယာဉ်နှင့် သက်ခိုင်ထွေး မောင်းနှင်ပြီး အောင်ဇေ လိုက်ပါလာသည့် NISSAN CANTER ၆ ဘီးမော်တော်ယာဉ်၂ စီးပေါ်မှ ပလတ်စတစ်ပီပါများဖြင့်ထည့်လျက် ဓာတုပစ္စည်း PROPIOPHENONE ၁,၀၂၀ လီတာအား လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ ဩဂုတ်လ ၁၃ ရက်နေ့ မွန်းလွဲ ၂နာရီအချိန်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့အပြင် သတင်းကွင်းဆက်အရ ဩဂုတ်လ ၁၄ ရက်နေ့ နံနက် ၈ နာရီအချိန် အဆိုပါနေရာတွင် ထွန်းဘော် မောင်းနှင်ပြီး အောင်ကျော်ခန့် လိုက်ပါလာသည့် ၁၂ ဘီးမော်တော်ယာဉ်ပေါ်မှ ဆာလာအိတ်များဖြင့်ထည့်လျက် ထိန်းချုပ်ဓာတုပစ္စည်းများဖြစ်သည့် ကဖင်း၃ ဒသမ ၉၇၅ တန်နှင့် အမိုနီယမ်ကလိုရိုဒ် ၂ ဒသမ ၃၅ တန် တို့အားလည်းကောင်း ဖမ်းဆီးရမိခဲ့ပြီးကွင်းဆက်ဖော်ထုတ်ချက်အရ ယင်းနေ့ ညနေပိုင်းတွင် ထိန်းချုပ်ဓာတုပစ္စည်းများ တာဝန်ခံပို့ဆောင်ခိုင်းသူ မတင်တင်စု(ခ)စုမြ(ခ)မစု အား ကလေးမြို့ ၊ တောင်ဖီလာရပ်ကွက်၊ ငုရွှေဝါလမ်းရှိ ဂိုဒေါင်တွင်HINO ၆ ဘီး မော်တော်ယာဉ်ပေါ်မှ ဆာလာအိတ်များဖြင့်ထည့်လျက် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း၅ ဒသမ ၅ တန် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၁၆ ရက်နေ့တွင် လွှမ်းမိုးနှင့် ကိုမျိုး တို့ ၂ ဦးအားကလေးမြို့ ၊ မြို့လှရပ်ကွက်နှင့် တောင်ဇလပ်ရပ်ကွက်တို့တွင် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၄ ဒသမ၅ တန်၊ CANTER ၆ ဘီး မော်တော်ယာဉ် ၁ စီး၊ မှန်လုံယာဉ် ၁ စီးတို့နှင့်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း ဒေသကာလတန်ဖိုးငွေကျပ် ၄ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ ဓာတုပစ္စည်း PROPIOPHENONE ၁,၀၂၀ လီတာ၊ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၁၃ ဒသမ ၉၇၅ တန်နှင့်အမိုနီယမ်ကလိုရိုဒ် ၂ ဒသမ ၃ တန်ကျော် သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရသိမ်းဆည်းရမိ ထိန်းချုပ်ဓာတု ပစ္စည်းများနှင့် အခြားဓာတုပစ္စည်းများအား မြန်မာ-အိန္ဒိယနယ်စပ်မှကလေးမြို့ သို့သယ်ဆောင်ပြီး မန္တလေးတိုင်းဒေသကြီးမှတစ်ဆင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင်အသုံးပြုရန် ရှမ်းပြည်နယ်သို့ တရားမဝင်သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့်၎င်းတို့အား ဥပဒေအရအရေးယူ ထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။