အပြစ်မဲ့ပြည်သူတစ်ဦးနေအိမ်ရှေ့တွင်မိုင်းထောင်ပြီး ဖောက်ခွဲရန် အကြမ်းဖက်များကြံစည်

(ပြည်တွင်း) သြဂုတ် ၁၈

အကြမ်းဖက်သောင်းကျန်းသူများမှ အပြစ်မဲ့ပြည်သူများ သေကြေဒဏ်ရာရရှိစေရန်ရည်ရွယ်ချက်ဖြင့် ဒေသခံတစ်ဦး၏နေအိမ်အဝင်လမ်းရှေ့တွင် မိုင်းထောင်ဖောက်ခွဲရန်ကြံစည်မှု ယနေ့ မွန်းလွဲပိုင်း၌ မုဒုံမြို့တွင် ဖြစ်ပွားခဲ့သည်။

မွန်ပြည်နယ် မုဒုံမြို့၊ မြို့မ(၂)ရပ်ကွက်၊ ရာဇဓိရာဇ်လမ်း၊ ကျောင်းသစ်ရပ်နေ ဒေါ်ယုယုထွေး(ဘ)ဦးဘန်ချွန်း၏ နေအိမ်အဝင်ဝ၌ လက်လုပ်ရိမုမိုင်း(၁)လုံးအား အနက်ရောင်ကြွပ်ကြွပ်အိတ်ဖြင့်ပတ်လျက်ချထားသည်ကို ယနေ့ သြဂုတ် ၁၈ ရက် ညနေ ၄ နာရီ ၂၀ မိနစ်အချိန်တွင် တွေ့ရှိခဲ့ကြောင်း.ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

အကြမ်းဖက်သောငိးကျန်းသူများထောင်ထားသည့် လုပ်လုပ်ပိုင်းကိုတွေ့ရှိသဖြင့် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့များထုံအကြောင်းကြားခဲ့သည့်အတွက် လုံခြုံရေးအဖွဲ့များမှ လာရောက်ပြီး သက်မဲ့ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

အကြမ်းဖက်သမားများမှ ကျွဲစိမ်းအချိုရည်ဗူးအတွင်းသို့ ယမ်းနှင့် ဒီတိုနေတာ(၁)ချောင်းအား ထည့် ထားပြီး Panasonic ဓာခဲ(၄)လုံးဖြင့်ပူးတွဲကာ လက်လုပ်မိုင်းအဖြစ် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#PAN