ပြင်သစ်ရုပ်ရှင်သရုပ်ဆောင် Alain Delon သေဆုံး

(နိုင်ငံတကာ) သြဂုတ်

အသက် ၈၈ နှစ်အရွယ်ရှိပြီဖြစ်သည့် ပြင်သစ်ရုပ်ရှင်သရုပ်ဆောင် Alain Delon မှာ ယနေ့ သြဂုတ် ၁၈ ရက်နေ့တွင်ကွယ်သွန်သွားပြီဟု မိသားစုဝင်များမှ ထုတ်ဖော်ပြောဆိုလိုက်သည်။

၎င်းသည် တစ်ချိန်က ရုပ်ရှင်သမိုင်းတွင် အလှပဆုံးလူသားအဖြစ် သတ်မှတ်ခံခဲ့ရသည်။

Alain Fabien Maurice Marcel Delon သည် ပြင်သစ်သရုပ်ဆောင်နှင့် ထုတ်လုပ်သူဖြစ်အဖြစ် ၈ နိုဝင်ဘာ ၁၉၃၅ ခုနှစ် နိုဝင်ဘာ ၈ မှ ယနေ့ ၂၀၂၄ ခုနှစ် သြဂုတ် ၁၈ ရက်နေ့ အထိ ၂၀ ရာစု၏ ယဉ်ကျေးမှုနှင့် ရုပ်ရှင်လောကတွင် ဦးဆောင်သူ ဆိုကြသည်။

Delon သည် ၁၉၆၀၊ ၁၉၇၀ နှင့် ၁၉၈၀ ခုနှစ်များတွင် ဥရောပ၏ ထိပ်တန်းသရုပ်ဆောင်များထဲမှ တစ်ဦးအဖြစ် ပေါ်ထွက်လာခဲ့ပြီး သူ့ပုံစံ ရုပ်ရည်နှင့် သရုပ်မှုအခန်းကဏ္ဍများမှ သူ့ကို နိုင်ငံတကာ အိုင်ကွန်တစ်ခု ဖြစ်လာစေခဲ့သည်။