အမေရိကန်က အကြမ်း ဖက်ဝါဒကို တရားဝင်ဖြစ်အောင် အသက်သွင်းနေ

(နိုင်ငံတကာ) သြဂုတ် ၁၇

     အမေရိကန်နိုင်ငံသည် အကြမ်းဖက်ဝါဒကို တရား ဝင်ဖြစ်အောင် အသက်သွင်းနေကြောင်း အမေရိကန်နိုင်ငံ ဆိုင်ရာ ရုရှားသံအမတ်ကြီး အန်နာတိုလီအန်တိုနော့ က ပြောသည်။

     ထို့ပြင် Nord Stream 1 နှင့် Nord Stream 2 ဓာတ် ငွေ့ပိုက်လိုင်းများဖောက်ခွဲဖျက်ဆီးခြင်းကို ယူကရိန်းရှိ ၎င်းတို့၏ ရုပ်သေးရုပ်များက လုပ်ဆောင်ခြင်းဖြစ်ကြောင်း အမေရိကန်က အပြစ်ပုံချနေသည်ဟု ရုရှား သံအမတ်ကြီးက ဆက်ပြောသည်။

     အမေရိကန်နိုင်ငံ၏ အမျိုးသားလုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီ က ဓာတ်ငွေ့ ပိုက်လိုင်းများ တိုက်ခိုက်ဖျက်ဆီးခံရခြင်းအတွက် ယူကရိန်း၏ ပါဝင်ပတ်သက်မှုရှိသည်ဟူသော ပြောဆိုချက်များ အပေါ် မှတ်ချက်မပေးလိုကြောင်းပြောသည်။

       ထို့ကြောင့် အမေရိကန်၏လုပ်ရပ်သည် အကြမ်း ဖက်ဝါဒကို တရားဝင်ဖြစ်အောင် အသက်သွင်းခြင်း ဖြစ်ကြောင်းနှင့် နောင်တွင်လည်း အလားတူဖြစ်စဉ်မျိုး ဖြစ်စေရေးအတွက် လွှတ်ပေးထားသည့် ပုံစံဖြစ်နေကြောင်း အန်တိုနော့ ကပြောထားခြင်းဖြစ်သည်။

#PAN