ဂျပန်ဝန်ကြီးချုပ် ဖူမီအိုကီရှီဒါ ပါတီဥက္ကဋ္ဌရာထူးမှ ဆင်းပေးမည်


(ပြည်တွင်း) ဩဂုတ် ၁၅

ဂျပန်ဝန်ကြီးချုပ် ဖူမီအို ကီရှီဒါ က ၎င်းအနေဖြင့် ပါတီဥက္ကဋ္ဌရာထူးမှ ဆင်းပေးမည်ဖြစ်ကြောင်း ဩဂုတ်လ ၁၄ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။ ဖူမီအိုကီရှီဒါ၏ အာဏာရပါတီဖြစ်သော လစ်ဘရယ်ဒီမိုကရက်တစ် (LDP)နှင့် ဆက်စပ်နေသည့် လာဘ်စားမှုသတင်းများကြောင့် ၎င်းအပေါ်လူထုထောက်ခံမှုများ ကျဆင်းလာစဉ် ပါတီခေါင်းဆောင်ရာထူးမှ ဆင်းပေးမည်ဟု တရားဝင်ထုတ်ပြန်ကြေညာလိုက်ခြင်း ဖြစ်သည်။

နိုင်ငံအတွင်း လူ နေထိုင်မှုစရိတ်များ မြင့်တက်လာခြင်း၊ ယန်းငွေတန်ဖိုးကျဆင်းခြင်းတို့ကြောင့် ပြီးခဲ့သည့်လတွင် ကီရှီဒါ၏အစိုးရ အဖွဲ့အပေါ် လူထုထောက်ခံမှုသည် ၁၅ ဒသမ ၅ ရာခိုင်နှုန်းအထိ ကျဆင်းလာသည်ဟု တွေ့ရသည်။

ယခုကဲ့သို့ လူထုထောက်ခံမှု ကျဆင်းမှုသည် LDP ပါတီအနေဖြင့် အာဏာပြန်လည်ရရှိသည့် ၂၀၁၂ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံး သိုရောက်ရှိလာခြင်း ဖြစ်သည်။

အသက် ၆၇ နှစ်ရှိပြီဖြစ်သည့် ဖူမီအို ကီရှီဒါသည် ၂၀၂၁ ခုနှစ်တွင် LDP ပါတီ၏ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရပြီး နောက် လာမည့်စက်တင်ဘာလတွင် ၎င်း၏လာမည့်စက်တင်ဘာလတွင် ၎င်း၏သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

ထို့ကြောင့် ဥက္ကဋ္ဌသက်တမ်းကုန်သွားပါက ထပ်မံဝင်ရောက် ရွေးကောက်ခံတော့မည်မဟုတ်ဘဲ ရာထူးမှဆင်းပေးမည်ဖြစ်ကာ နောက်ထပ် ပါတီဥက္ကဋ္ဌနှင့် ဝန်ကြီးချုပ်အသစ်ကို ခန့်အပ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောထား သည်။

ယခုအခါ ပါတီဥက္ကဋ္ဌရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်ရန်ပါတီအတွင်းရေးမှူးချုပ်ဟောင်းနှင့် ဒစ်ဂျစ်တယ် ဝန်ကြီးတို့က စိတ်ဝင်စားနေကြောင်းနှင့်အခြားသော ဝန်ကြီးများကလည်း ဝင်ရောက်ရွေးချယ်ခံရန် ဆန္ဒရှိနေ ကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ