စက်သုံးဆီလုပ်ငန်းရှင်များကို ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ သန်း ၁၀၀ ပံ့ပိုးပေးမည်


(ပြည်တွင်း) ဩဂုတ် ၁၅

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ စက်သုံးဆီ လုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ ပံ့ပိုးပေးရန် စီစဉ်ပေးသွားမယ်လို့ ဩဂုတ်လ ၁၄ ရက်၊ ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။

အခုလို ပံ့ပိုးပေးတာကို နိုင်ငံခြားငွေကြေး ဈေးကွက်ကနေတစ်ဆင့် စီစဉ်ထားတာဖြစ်ပြီး ဘယ်နေ့မှာ ဘယ်လိုပုံစံနဲ့ ပံ့ပိုးပေးမလဲဆိုတာကတော့ ထုတ်ပြန်ထားတာတော့ မရှိပါဘူး။

ဗဟိုဘဏ်ရဲ့ အတိုးနှုန်းကို လက်ရှိမှာ ၇ ရာခိုင်နှုန်းကနေ ၉ ရာခိုင်နှုန်းကို တိုးမြှင့်သတ်မှတ် လိုက်တယ် လို လည်း ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဘဏ်တွေကအပ်ငွေတွေအပေါ်ပေးရမယ့် အနည်းဆုံး အတိုးနှုန်း ကို ၇ ရာခိုင်နှုန်းနဲ့ ချေးငွေတွေအားလုံးအတွက် ကောက်ခံနိုင်တဲ့အများဆုံးအတိုးနှုန်းကိုလည်း ၁၅ ရာခိုင်နှုန်း သတ်မှတ်လိုက်တယ်လို့ ထုတ်ပြန်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

SZ