အလုပ်သင်ဆရာဝန်တစ်ဦး မုဒိမ်းကျင့်သတ်ဖြတ်ခံရပြီးနောက် ကာလကတ္တားတွင် မိုးလင်းပေါက် ဆန္ဒပြမှုများရှိလာ


(နိုင်ငံတကာ) ဩဂုတ် ၁၅

အစိုးရဆေးရုံတစ်ရုံတွင် အလုပ်သင်ဆရာဝန်တစ်ဦး မုဒိမ်းကျင့်သတ်ဖြတ်ခံရပြီးနောက် ကာလကတ္တားတွင် မိုးလင်းပေါက် ဆန္ဒပြမှုများရှိလာကြောင်း သိရသည်။

ပြီးခဲ့သည့် သီတင်းပတ်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်စဉ်အပြီး ထောင်ပေါင်းများစွာသော အမျိုးသမီးများနှင့် အမျိုးသား အချို့ ခြံရံကာ လမ်းမများပေါ်တွင် ညလုံးပေါက် ဆန္ဒထုတ်ဖော်လျက်ရှိသည်။

ဆန္ဒပြပွဲများသည် ငြိမ်းချမ်းစွာ ထုတ်ဖော်နေသော်လည်း အမည်မသိလူတစ်စုနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ရုန်းရင်းဆန်ခတ်မှုများဖြစ်ပေါ်ခဲ့ပြီး ရဲကားအချို့ပါ ပျက်စီးခဲ့သည့်အတွက် မျက်ရည်ယိုဗုံးများဖြင့် လူစုခွဲခဲ့ရကြောင်းသိရသည်။

ဆန္ဒပြသူများသည် တရားမျှတမှုရရှိရေးနှင့် နိုင်ငံတော်သီချင်းများ ကျယ်လောင်စွာ သီဆိုချီတက်ခဲ့ပြီး အိန္ဒိယတွင် အမျိုးသမီးများအား လေစားမှုမရှိကြောင်း တန်ဖိုးမထားကြောင်း ညည်းတွားပြောဆိုနေကြောင်းသိရသည်။

Telegram»…
https://t.me/positiveanglenews

#PAN

AMK #SZ