ဆင်တဲကျေးရွာ အုပ်ချုပ်ရေးမှုးအား အကြမ်းဖက်သမား ၂ဦးက သေနတ်ဖြင့်ပစ်ခတ် သတ်ဖြတ်


(ပြည်တွင်း)ဩဂုတ် ၁၄

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ဆင်တဲကျေးရွာအနီးတွင် ယနေ့နံနက် ၈ နာရီအချိန်ခန့်က အမျိုးသား ၁ ဦးအား အကြမ်းဖက် PDF အဖွဲ့မှ သတ်ဖြတ်သွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ သေဆုံးသူ ဦးသောင်းဦး၊ အသက် ၆၄ နှစ်၊(ဘ)ဦးလှ၊ ဆင်တဲကျေးရွာ အုပ်ချုပ်ရေးမှူး(တိမွေးကု(ပြင်ပ)ဆရာဝန်)(ပြည်ခိုင်ဖြိုးပါတီ စည်းမှုး ဟောင်း)သည် တံတားဦးမြို့ နယ်၊ ပြူကန်ကျေးရွာသို့ နွားဆေး ကုရန်အတွက် နေအိမ်မှ နံနက် ၆ နာရီခွဲအချိန်ခန့်တွင် ဆိုင်ကယ်ဖြင့်ထွက်ခွာခဲ့ရာ ကတို့ဆိပ် ကျေးရွာနှင့် ဆင်တဲကျေးရွာအကြား တံတားဦး ဟိုတယ်ဇုန်စီမံကိန်း မြေသားလမ်းအရောက်တွင် အကြမ်းဖက်သမား ၂ ဦးက သေနတ်ဖြင့် ၅ ချက်ခန့် ပစ်ခတ် သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။

အဆိုပါ အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့် ဦးသောင်းဦးသည် ယာဘက်နားထင် ကျည်ဖောက်ထွက်ဒဏ် ၁ ချက်ဖြင့် အခင်းဖြစ်ရာနေရာတွင် သေဆုံး သွားခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

ZN #SZ