အရှေ့အလယ်ပိုင်းတင်းမာမှုများအား လျှော့ချရန်ရရွယ်ထားကြောင်း အမေရိကန်ပြော


(နိုင်ငံတကာ) ဩဂုတ် ၁၄

အရှေ့အလယ်ပိုင်းဒေသတွင်း တင်းမာမှုများအား လျှော့ချရန် ရည်ရွယ်ထားကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးကဆိုသည်။

အစ္စရေးနိုင်ငံ၏ အရှေ့အလယ်ပိုင်းဒေသတွင်း တိုက်ခိုက်မှုများအား အီရန်မှ လက်တုန့်ပြန်တိုက်ခိုက်မည်ကို စိုးရိမ်သည့်အတွက် အဆိုပါတင်းမာမှုအားလျှော့ချရန် ရည်ရွယ်ကြောင်း ၎င်းကဆိုသည်။

အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield က အနာဂတ်တွင် မည်သည့်တိုက်ခိုက်မှုကိုမဆို ၎င်းတို့အနေဖြင့် ဟန့်တားကာကွယ်လိုကြောင်းနှင့် ဒေသတွင်းပဋိပက္ခများအား ရှောင်ရှားလိုကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ ပြောကြားခဲ့သည်။

ဒေသတွင်း တင်းမာမှုအား လျှော့ချလိုသည်ဟု အမေရိကန်မှ ထပ်တလဲလဲထုတ်ပြန်ပြောဆိုနေသေည်လည်း အမေရိကန်နိုင်ငံမှ အစ္စရေးစစ်တပ်သို့ ဒေါ်လာ ဘီလီယံ ၂၀ တန်ကြေးရှိသော လက်နက်များ ရောင်းချကာ စစ်အင်အားကို ဖြည့်တင်းနေကြောင်းသိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMK #SZ