PJ နိုင်ငံကူးလက်မှတ်အသစ်ပြုလုပ်လိုသူများအနေဖြင့် ရက်ချိန်းတိုကင်မလိုအပ်ဘဲ ပြုလုပ်နိုင်ကြောင်း သံရုံးမှ ကြေညာ


(ပြည်တွင်း)ဩဂုတ် ၁၄

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများနေဖြင့် PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများအား ဩဂုတ်လ ၁၇ ရက်မှစတင်ပြီး ရက်ချိန်းတိုကင်ပေးခြင်းကို ရပ်ဆိုင်းသွားမှာလို PJ နိုင်ငံကူးလက်မှတ်အသစ် ပြုလုပ်လိုသူများ အနေဖြင့် ရုံးဖွင့်ရက်များတွင် မြန်မာသံရုံး၊ ကောင်စစ်ဌာနသို့ ရက်ချိန်းတိုကင်မလိုဘဲ ကိုယ်တိုင်လာရောက် ပြုလုပ်နိုင်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေးထုတ်ပြန် ကြေညာထားကြောင်း သိရပါတယ်။

အဆိုပါ သံရုံးထုတ်ပြန်ကြေညာချက်တွင် PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ပြီး ၂၀၂၅ ခုနှစ်၊ ဇွန်လ ၃၀ ရက် တွင် သက်တမ်းကုန်သူများအား စာအုပ်အသစ်ပြုလုပ်ပေးရန် ရည်ရွယ်ပြီး ၎င်းအစီအစဉ်ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်မှစတင်ပြီး စနေနေ့တိုင်း လူကိုယ်တိုင် ရက်ချိန်းတိုကင်လာရောက်ယူခြင်းကို စီစဉ်ထားရှိခဲ့တာဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN