သပြုချိုင်ကျွန်းအနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားရာမှ သောင်းကျန်းသူ အလောင်း ၁၁လောင်း၊ လက်နတ်ခဲယမ်းပစ္စည်းများ သိမ်းဆည်းရမိ


(ပြည်တွင်း)ဩဂုတ် ၁၄

ရခိုင်ပြည်နယ်၊ သပြုချိုင်ကျွန်းအနီးတစ်ဝိုက်တွင် ယမန်နေ့က တပ်မတော်စစ်ကြောင်းမှ နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် AA သောင်းကျန်းသူအင်အား ၅၀ ဦးခန့်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ သောင်းကျန်းသူအဖွဲ့၏ ပစ်ခတ်မှုအား တပ်မတော်လုံခြုံရေးစစ်ကြောင်းမှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ AA အကြမ်းဖက်များ ထိခိုက်ကျဆုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး အကြမ်းဖက် ၁၁ လောင်း၊လက်နက်မျိုးစုံ ၉ လက် ၊ ကျည်အိမ် ၅ ခုနှင့် ကျည်အမြောက်အမြားသိမ်းဆည်းရမိခဲ့ကြောင်း၊ လုံခြုံရေးစစ်ကြောင်းမှ စစ်သည် ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

ZN #PAN