(နိုင်ငံတကာ) ဩဂုတ် ၁၄
မနက်ခင်းမှာ ရေချိုးခြင်းဟာ စိတ်ဖိစီးမူတွေကို သက်သာ ပျောက်ကင်းစေပါတယ်။ အဲ့ဒါကြောင့် စိတ်ဖိစီးမူတွေ ဖြစ်နေခဲ့ရင် မနက်ခင်းမှာ ရေချိုးခြင်းက များစွာအထောက်အကူ ပြုစေမှာ ဖြစ်ပါတယ်။
အိပ်ယာနိုးတဲ့ အခါမှာ ထိုင်းထိုင်းမှိင်းမှိင်းကြီး ဖြစ်နေရင် မနက်ခင်း ရေချိုးလိုက်တဲ့ အတွက်ကြောင့် ပေါ့ပါးလွတ်လပ် သွားပါတယ်။
မနက်ခင်းမှာ ရေအေးနဲ့ ချိုးတာထက် ရေနွေးနဲ့ ချိုးတာကို ပိုမိုပြီး သွေးလည်ပတ်မူကို အားကောင်းစေပါတယ်။ ဒါ့အပြင် ကြွက်သားတွေကို တောင့်တင်း သန်မာစေနိုင်ပါတယ်။
ရေနွေးနဲ့ ရေချိုးခြင်းဟာ ကျန်းမာရေး အတွက်လည်း များစွာအထောက်အကူပြုစေပါတယ်။ ရေနွေး သိုမဟုတ် ရေအေးနဲ့ မနက်ခင်းမှာ ခေါင်းလျှော်တာဟာ ဆံပင်မကျွတ်ခြင်းအတွက် အထူးပင် ကောင်းမွန်စေပါတယ်။
ဒါ့အပြင် ဆံပင်သား မကောင်းခြင်း၊ မွဲခြောက်ခြောက် ဖြစ်ခြင်းတိုအတွက်လည်း ကာကွယ်တားဆီးပေးပါတယ်။
မနက်ခင်းမှာ လမ်းလျှောက်တာပဲ ဖြစ်ဖြစ်၊ gym ဆော့တာပဲ ဖြစ်ဖြစ် လေ့ကျင့်ခန်း တစ်စုံတစ်ခု လုပ်ပြီးတာနဲ့ ရေချိုးခြင်းဟာ ကြွက်သားတွေကို ပိုမိုသန်မာစေပါတယ်။
Telegram»…
https://t.me/positiveanglenews