အပြစ်မဲ့ပြည်သူ ၄ ဦးအား အကြမ်းဖက်များ PDF အဖွဲ့မှ သတ်ဖြတ်ပြီး မော်တော်ကား ၂ စီးယူဆောင်သွား


(ပြည်တွင်း)ဩဂုတ် ၁၃

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ကြို့ပင်စုရွာတွင် အပြစ်မဲ့ပြည်သူ ၄ ဦးအား အကြမ်းဖက်များ PDF အဖွဲ့မှ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး နေအိမ်မှ ကား ၂ စီးအား ယူဆောင်သွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယနေ့ညနေ ၅ နာရီအချိန်ခန့်က ​အကြမ်းဖက် PDF များသည် ရွာ၏အရှေ့ဖက်မှ Mark II အမျိုးအစား အဖြူရောင်ယာဥ်ဖြင့် ဦးမောင်ညို နေအိမ်သို့ ရောက်ရှိလာပြီး ဦးမောင်ညို၊ အသက် ၆၈ နှစ်၊(ဘ)ဦးထွန်းရှင်တွင် ရင်ဘတ်ဖောက်ဝင်ဒဏ်ရာ ၁၀ ချက်၊ နောက်ကျောဖောက်ထွက်ဒဏ်ရာ ၇ ချက်၊ ညာနား သွေးထွက်ဒဏ်ရာ ၁ ချက်၊ သားဖြစ်သူ ဦးဇော်ဇော်အောင်၊ အသက် ၄၀ နှစ်တွင် နောက်ကျောကျည်ဖောက်ဝင်ဒဏ်ရာ ၆ ချက်၊ ရင်ဘတ်ကျည်ဖောက်ထွက် ဒဏ်ရာ ၄ ချက်၊ ဝဲမျက်ခုံးပေါက်ပြဲဒဏ်ရာ ၁ ချက်၊ သမီးဖြစ်သူ ဒေါ်ဇာဇာလင်း၊ အသက် ၃၇ နှစ်တွင် ဦးခေါင်းနောက်စေ့ပွင့်ထွက်ဒဏ်ရာ ၁ ချက်၊ ညာလက် မောင်းပွင့်ထွက်ဒဏ်ရာ ၁ ချက်၊ ခါးကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဒေါ်ဌေး၊ အသက် ၅၂ နှစ်၊ (ဘ)ဦးခင်မောင်တွင် မေးစေ့ပွင်ထွက်ဒဏ်ရာ ၁ ချက်၊ ဝဲ လက်ကောက်ဝတ်ကျည်ထိမှန်ဒဏ်ရာ ၁ ချက်၊ ညာဒူးခေါင်း ကျည်ထိမှန်ဒဏ်ရာ ၁ ချက်ဖြင့် သေနတ်ဒဏ်ရာများနှင့် နေအိမ်ဝိုင်းအတွင်းတွင် သေနတ်ဖြင့် ပစ်သတ်သွားသဖြင့် သေဆုံးလျှက်ရှိကြောင်း သိရသည်။

အခင်းဖြစ်နေရာအနီးမှ M22 ကျည်ခွံ(၃၀)ခွံနှင် M22ကျည်(၂)တောင့်တွေ့ရှိပြီး အခင်းဖြစ်နေအိမ်မှ MGY 1G/ 4170 Zuee အဖြူရောင်နှင့် MGY 1N/2041 Fitship ခဲရောင် ကား(၂)စီး ယူဆောင်၍ ရွာ၏အနောက်ဖက်မှ ကျောက်တိုင်း-ကန်ရေလေးမှတစ်ဆင့် ကြံကန်လမ်းအတိုင်းမောင်းနှင် ထွက်ခွာသွားကြောင်း သိရှိရသဖြင့် ပူးပေါင်းအဖွဲ့မှ လိုက်လံပိတ်ဆို့ ရှာဖွေရှင်းလင်းဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

ZN #SZ