ဗောဓိကုန်းအုပ်စု အုပ်ချုပ်ရေးမှူးအား အကြမ်ဖက်အဖွဲ့များမှ သတ်ဖြတ်


(ပြည်တွင်း)ဩဂုတ် ၁၃

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပေါက်ခေါင်းမြိုနယ်တွင် ယနေ့ညနေ ၄ နာရီ ၃၀ မိနစ်အချိန်ခန့်က ဗောဓိကုန်းအုပ်စုအုပ်ချုပ်ရေးမှူးအား အကြမ်ဖက်အဖွဲ့ များမှ သတ်ဖြတ်သွားကြောင်း သိရသည်။

ဗောဓိကုန်းအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ဝင်း၊ အသက် ၅၆ နှစ်သည် ၎င်း၏နေအိမ်၌ရှိနေစဉ် အ​ကြမ်းဖက်အဖွဲဝင် ၂ ဦးမှ ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီ အကြောင်းမဲ့ သတ်ဖြတ်သွားခဲ့ကြသည်ဟု သိရသည်။

“ပြည်-ပေါက်ခေါင်းလမ်းအတိုင်း သူပုန်တွေ ကားနှစ်စီးလောက်နဲ့ ဝင်လာတယ်လို့ မနက်ပိုင်းကကြားမိတာ ကောလာဟလ လို့ပဲ ထင်မိတာ ညနေပိုင်းကြတော့ ဗောဓိကုန်းအုပ်စုအုပ်ချုပ်ရေးမှူးကို လာသတ်သွားတာလို သိလိုက်ရတယ်” ဟု ဒေသခံတစ်ဦးမှပြောသည်။

ဗောဓိကုန်းအုပ်စု အုပ်ချုပ်ရေးမှူးအား မည်သည့်အကြောင်းကြောင့် လာရောက်သတ်ဖြစ်သွားသည်ကို မသိရှိရကြောင်း ဒေသခံများမှပြောသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ