ဒေါ်နယ်ထရမ့်နှင့် အီလွန်မက်စ်၏ အင်တာဗျူးအား လူပေါင်း တစ်ဘီလီယံကျော်ကြည့်ရှုခဲ့


(နိုင်ငံတကာ) ဩဂုတ် ၁၃

အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်နှင့် သူဌေးကြီး အီလွန်မက်စ်၏ အင်တာဗျူးအား လူပေါင်း တစ်ဘီလီယံကျော်ကြည့်ရှုခဲ့ကြောင်း Space X က ထုတ်ပြန်ခဲ့ပြီး အဆိုပါထုတ်ပြန်မှုအား Space X ပိုင်ရှင် အီလွန်မက်စ်မှ ပြန်လည်မျှဝေခဲ့သည်။

ထုတ်ပြန်ချက်အရ အင်တာဗျူးလုပ်ဆောင်ပြီး ည ၇ နာရီ ၄၇ မိနစ်မှ ၁၀ နာရီ ၄၇ မိအကြာတွင် အဆိုပါသတင်းအား ကြည့်ရှု့သူ ၇၃ သန်းကျော်ခဲ့ပြီး ပြန်လည်မျှဝေခဲ့သူ ၄ သန်းဝန်းကျင်ရှိခဲ့ကြောင်းသိရသည်။

အဆိုပါအင်တာဗျူးအား ယခင်တွစ်တာ ယခု X လူမှုကွန်ယက်တွင် စုစုပေါင်း ၉၉၈ သန်းအထိ ကြည့်ရှုမှုရှိခဲ့ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါဝင်သည်။

သမ္မတလောင်း ထရမ့်နှင့် သူဌေးကြီး အီလွန်မက်စ်တို့၏ စကားဝိုင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ငွေကြေးဖောင်းပွမှုကဲ့သို့သော အကြောင်းအရာများ ပါဝင်ခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMK #SZ