“(၁၄၂) ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲဖွင့်ပွဲအခမ်းအနားကျင်းပ”

(ပြည်တွင်း) ဩဂုတ် ၁၃

(၁၄၂) ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲ ဖွင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၁၂ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမမှာ ကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ခဲ့ပါတယ်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ တာဝန်ရှိသူများ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များနှင့် ပြည်တွင်း ပြည်ပမှ ပုလဲလုပ်ငန်းရှင်များ တက်ရောက်ကြပါတယ်။

(၁၄၂)ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲအရောင်းချပွဲကို ဩဂုတ်လ ၁၂ ရက်မှ ၁၅ ရက်အထိ တောင်ပင်လယ် ပုလဲအလုံးပေါင်း ၁၇၅,၀၀၀၊ အတွဲ ၇၀၀ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ခင်းကျင်းပြသရောင်းချပေးသွားမယ်လို့ သိရပါတယ်။

အဆိုပါ (၁၄၂)ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲအရောင်းချပွဲ၌ ဩဂုတ်လ ၁၃ ရက်မှာ ပုလဲအတွဲ ၂၃၀ တွဲ၊ ဩဂုတ်လ ၁၄ ရက်မှာ ပုလဲအတွဲ ၂၃၀ တွဲနှင့် ဩဂုတ်လ ၁၅ ရက်မှာ ပုလဲအတွဲ ၂၄၀ တို့ကို တင်ဒါအမှတ်အလိုက် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် အသီးသီးရောင်းချပေးသွားမယ်လို့ သိရပါတယ်။

အပြည့်အစုံဖတ်ရန် – https://positiveanglenews.com/2024/08/13/အမေရိကန်၏စနက်ကြောင့်-ရ/

#PAN