“World Tourism Day ရောင်စုံဓာတ်ပုံပြိုင်ပွဲ  အသက်အရွယ်မရွေး ဝင်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်”

(ပြည်တွင်း) ဩဂုတ် ၁၃

ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ (World Tourism Day)ရောင်စုံဓာတ်ပုံပြိုင်ပွဲကို အသက်အရွယ်မရွေး ဝင်ရောက် ယှဉ်ပြိုင်နိုင်ကြောင်းဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက အသိပေးဖိတ်ခေါ်ထားပါတယ်။

ပြိုင်ပွဲမှာ မြန်မာနိုင်ငံ၏ ရှုခင်းများ၊ ယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်မှုနှင့် တိုင်းရင်းသားမျိုးနွယ်စုတို့၏ ဓလေ့ ထုံးတမ်းအစဉ် အလာပုံရိပ်များနှင့် မြန်မာ့ခရီးသွားခရီးစဥ်များအား ရိုက်ကူး၍ ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း သိရပါတယ်။

အဆိုပါပြိုင်ပွဲမှ ရွေးချယ်ခံဓာတ်ပုံများကို ၂၀‌၂၄ စက်တင်ဘာလအတွင်း နေပြည်တော်၌ ကျင်းပပြုလုပ်မည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အခမ်းအနား၌ ခင်းကျင်းပြသမည်ဖြစ်ပြီး ဆုရရှိသည့် ဓာတ်ပုံပညာရှင်များကိုလည်း ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

ပြိုင်ပွဲမည့် တစ်ဦးချင်းစီတိုင်းအနေနဲ့ ဓာတ်ပုံ(၁၀)ပုံအထိပေးပို့နိုင်ကာ ယခုဩဂုတ်လ ၂၃ ရက် နောက်ဆုံး ထားပြီး အမှတ်(၅၈/၆၀)၊ ကမ်းနားလမ်းနှင့်ဗိုလ်အောင်ကျော်လမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ်ရှိ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနသို့ ပေးပို့သွားရမည်ဖြစ်ကြောင်းသိရပါတယ်။

 အဆိုပါရောင်စုံဓာတ်ပုံပြိုင်ပွဲ၌ ပထမဆု ကျပ် ၉ သိန်း၊ ဒုတိယဆုကျပ် ၇ သိန်း၊ တတိယဆုကျပ် ၅ သိန်းနှင့် နှစ်သိမ့်ဆု ၂၀ ဆုအတွက် တစ်ဆုလျှင်ကျပ် ၁သိန်းခွဲ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံရဲ့ ရှုခင်း၊ ယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်မှု၊ တိုင်းရင်းသားမျိုးနွယ်စုများ၏ ဓလေ့ထုံးတမ်းအစဉ်အလာ စတဲ့ပုံရိပ်များဖြင့် မြန်မာ နိုင်ငံ၏ ခရီးသွားလုပ်ငန်းဖော်ထုတ် မြှင့်တင်နိုင်ရန် ရည်ရွယ်၍ စီစဉ်ကျင်းပခြင်းဖြစ်ကြောင်း သိရပါတယ်။

#PAN