နေပြည်တော် ဇဝနသိဒ္ဓိရပ်ကွက်တွင် ၃ လောင်ပြိုင် လူသတ်မှု တရားခံနှစ်ဦးကို ဖမ်းဆီးရမိ

(ပြည်တွင်း)ဩဂုတ် ၁၃

      နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဇဝနသိဒ္ဓိရပ် ကွက်၊ မြတ်လေးလမ်း၊ အိမ်အမှတ်(၅၉၅၈) တွင်  မိသားစုဝင် ၃ ဦးဖြစ်ကြသော ဦးသန်းနိုင်ထွန်း၊ အသက် ၄၉ နှစ်၊ (ဘ)ဦးနေဝင်း၊ ဇနီးဖြစ်သူ ဒေါ်စောသန္တာဦး၊ အသက် ၄၈ နှစ်၊ (ဘ)ဦးဟန်တင်နှင့် သားဖြစ်သူ မောင်ရွှေအုပ်စိုး၊ အသက် ၂၉ နှစ်တို့ကို သြဂုတ်လ ၁၀ ရက်နေ့ က ဓားဖြင့် ထိုးသွင်းသတ်ဖြတ်ခဲ့သည့် တရားခံ နှစ်ဦးကို ယနေ့နံနက်တွင် ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

      အဆိုပါ လူသတ် တရားခံ နှစ်ဦးမှာ ရဲထက်ကျော်၊ ၃၄ နှစ်၊ (ဘ) ဦးမြအေး၊ ဇဝနသိဒ္ဓိရပ် ကွက် ၊ ဥတ္တရသီရိမြို့နယ်နှင့် ဇော်ဇော်(စိစစ်ဆဲ) တို့ဖြစ်ပြီး ရန်ကုန် – မန္တလေး အမြန်လမ်း မိုင်တိုင် ၁၁  တွင် တစ်ဦး၊ တိုက်ကြီးမြို့နယ်တွင် တစ်ဦးတို့ကို ယနေ့ သြဂုတ် ၁၃ နံနက်က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး သတ်ဖြတ်ရခြင်းအကြောင်းရင်းမှာ ငွေကြေးအကြွေးကိစ္စဖြစ်သည်ဟု အတည်မပြုရသေးသော သတင်းများအရ သိရပါသည်။

      ၎င်း တရားခံ နှစ်ဦးကို ရဲလုပ်ငန်းအတိုင်း ဆက် လက်ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါ သည်။

#PAN