ခရီးသည်တင်ယာဉ်နှင့် ဝက်များတင်ဆောင်လာသောယာဉ်တို့  တိုက်မိသဖြင့် အမျိုးသားတစ်ဦးသေဆုံး

(ပြည်တွင်း) ဩဂုတ် ၁၂

     မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မန္တလေး – လားရှိုးအဆင်းလမ်း၊ မိုင်တိုင်အမှတ် (၁၉)တွင်  ယမန်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်အချိန်ခန့်က ခရီးသည်တင်ယာဉ်နှင့် ဝက်များ တင် ဆောင်လာသောယာဉ်တို့  တိုက်မိသဖြင့် ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


     အဆိုပါ ယာဉ်တိုက်မှုကြောင့် ခရီးသည်တင်ယာဉ်မှ ယာဉ်နောက်လိုက် ကျား(၁)ဦး သေဆုံးခဲ့ကြောင်း၊ သေဆုံးသူ၏အလောင်းအား သန္တိသုခလူမှုကူညီရေးအသင်းယာဉ်ဖြင့် ပြင်ဦးလွင်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့‌ဆောင်ခဲ့ကြောင်း သိရသည်။

      အလားတူ ယမန်နေ့ညနေ ၆နာရီ၁၅မိနစ်အချိန်ခန့်က ၁၈  ပြင်ဦးလွင်-မန္တလေး အဆင်းလမ်း၊ မိုင်တိုင်အမှတ်(၂၂)တွင်  ခရီးသည်တင်ယာဉ် (၁)စီး တိမ်းမှောက်မှုဖြစ်ပွားပြီး အမျိုးသမီး(၁)ဦးညပ်နေသဖြင့် ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ် ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည်(၃၅)ဦးအနက် ညပ်နေသူ မ(၁)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)အား ညနေ၆နာရီ ခွဲ အချိန်ခန့်တွင် ကယ်ထုတ်နိုင်ခဲ့ပြီး ခရီးသည် (၇)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား ဗဟိုမီးသတ်သင်တန်းကျောင်းမှ လူနာတင်ယာဉ်ဖြင့် ပြင်ဦးလွင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့‌ဆောင်ပေးထားကြောင်း သိရသည်။

#PAN
#ZN