အွန်လိုင်းစနစ်ဖြင့်ရောင်းချခွင့် မှတ်ပုံတင်လက် မှတ်မရှိတဲ့ လုပ်ငန်းဆောင်ရွက်မှုများကို အရေး ကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေဖြင့် အရေးယူမည်

(ပြည်တွင်း) ဩဂုတ် ၁၁

      အွန်လိုင်းစနစ်ဖြင့်ဆောင်ရွက်လျက်ရှိတဲ့ ကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်းများအနေနဲ့ မှတ်ပုံတင်လက် မှတ် မရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူမည်ဖြစ် ကြောင်း  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ  ဩဂုတ်လ ၉ ရက်မှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနရဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ အမိန့် ကြော်ငြာစာအမှတ် (၅၀/၂၀၂၃) အရ အွန်လိုင်းစနစ်ဖြင့်ရောင်းချသော ကုန်စည်နှင့်ဝန်ဆောင်မှုလုပ် ငန်းများသည် မှတ်ပုံတင်လက် မှတ် လျှောက်ထားရရှိပြီးမှသာ  လုပ်ငန်းဆောင် ရွက်ရန်နှင့် အမိန့်ကြေညာစာ ထုတ်ပြန်ပြီး ၆ လ ပြည့်မြောက်သည့်နေ့မှစ၍ မှတ်ပုံတင်လက်မှတ်မရှိဘဲ လုပ်ငန်းဆောင်ရွက်ပါက အရေးကြီးကုန် စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေး ယူမှာဖြစ်ကြောင်း ပါရှိပါတယ်။

       အွန်လိုင်းစနစ်အသုံးပြု၍ ရောင်းချခြင်းလုပ် ငန်းကို လုပ်ကိုင်နေကြသူများအနေဖြင့် eComReg System www. ecomreg.gov. mm တွင် မှတ်ပုံတင်လက်မှတ်များ လျှောက်ထားရယူရန်နှင့် မှတ်ပုံတင်လက်မှတ် လျှောက်ထား ရယူခြင်းမရှိဘဲ လုပ်ငန်းဆောင်ရွက်ကြောင်း စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ် ကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။

#PAN