ကျွန်းလှမြို့၏ အရှေ့မြောက်ဘက်တွင် တပ်မတော်လုံခြုံရေးအဖွဲ့နှင့် အကြမ်းဖက်အဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွား


(ပြည်တွင်း)ဩဂုတ် ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်း ယမန့်နေ့က တပ်မတော်မှနယ်မြေလုံခြုံရေးဆောင်ရွက်စဉ် ကျွန်းလှမြို့၏ အရှေ့မြောက်ဘက်သို့အရောက် အကြမ်းဖက်အင်အား ၁၅ ဦးခန့်က စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့များမှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် အကြမ်းဖက်များ ဆုတ်ခွာထွက်ပြေးသွားခဲ့ရကြောင်း သိရှိရသည်။

အဆိုပါ ထိတွေ့ပစ်ခတ်မှုတွင် အကြမ်းဖက် အလောင်း ၁ လောင်း၊ အမ်(၂၂) ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၁၄ တောင့်၊ လမ်းလျှောက်စကားပြောစက် ၁ လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ