နွားကျောင်းနေသည့် အမျိုးသားတစ်ဦးအား အကြမ်းဖက် PDF အဖွဲ့ သေနတ်ဖြင့် ပစ်သတ်


(ပြည်တွင်း)ဩဂုတ် ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ အနောက်သာဂရကျေးရွာအုပ်စု၊ သံချပ်ကုန်းကျေးရွာတွင် ယမန်နေ့ည ၇ နာရီခွဲအချိန်ခန့်က နွားကျောင်းနေသည့် ပြည်သူတစ်ဦးအား အကြမ်းဖက် PDF အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်သဖြင့် သေဆုံးလျက်တွေ့ရှိရကြောင်း သိရသည်။

ဖြစ်စဥ်မှာ ဦးဖား၊ touf ၆၀နှစ်၊(ဘ)ဦးမောင်ငယ်၊ ဆယ်အိမ်မှူး၊ သံချပ်ကုန်းကျေးရွာ၊ ကျောက်ဆည်မြို့နယ်နေသူသည် ယမန်နေ့ မွန်းတည့် ၁၂ နာရီ အချိန်ခန့်တွင် နွားများအား သွားရောက်ကျောင်းခဲ့ကြောင်း၊ ၎င်းနောက် ညမိုးချုပ်ပြီး နွားများမှာ နေအိမ်သို့ ပြန်လည်ရောက်ရှိလာပြီး ဦးဖားမှာ နေအိမ်သို့ ပြန် လည်ရောက်ရှိလာခြင်းမရှိသဖြင့် သမီးဖြစ်သူမှ တောထဲသို့ သွား ရောက်ရှာဖွေခဲ့ရာ သံချပ်ကုန်းကျေးရွာ လယ်တောသွားလမ်းဘေးတွင် ဦးဖားမှာ ယာ-လည်ပင်းဂုတ် ဖောက်ထွက်ဒဏ်ရာ ၁ ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း သေဆုံးသူ၏ သမီးဖြစ်သူပြောကြားချက်အရ သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

ZN #SZ