ယူကရိန်းအား တိုက်ခိုက်မှုအတွက် အကျိုးဆက်ကို ခံစားရမည်ဟု ဇယ်လန်းစကီးသတိပေး


(နိုင်ငံတကာ)ဩဂုတ် ၉

ယူကရိန်းစစ်တပ်၏ ရုရှားနယ်စပ်အား ဖြတ်ကျော်တိုက်ခိုက်မှုအတွင်း မော်စကိုသည် စစ်ပွဲ၏ နောက်ဆက်တွဲ အကျိုးဆက်အားခံစားရမည်ဖြစ်ကြောင်း ဇယ်လန်းစကီးကသတိပေးလိုက်သည်။

ယူကရိန်းသည် ရုရှားနိုင်ငံ၏ Kursk ဒေသအား နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုကို တိုက်ရိုက်ရည်ညွှန်းခြင်းမရှိသော်လည်း ရုရှားသည် စစ်ပွဲကို ခေါ်ဆောင်ခဲ့သည့်အတွက် ၎င်းတို့လုပ်ဆောင်ခဲ့သည့်အရာအား ခံစားသင့်ကြောင်း ဇယ်လန်းစကီးကဆိုသည်။

တင့်ကားနှင့် သံချပ်ကာယာဉ်များအပါအဝင် ယူကရိန်းတပ်ဖွဲ့ ၁၀၀၀ ခန့်သည် ပြီးခဲ့သည့် အင်္ဂါနေ့ နံနက်ပိုင်းတွင် ရုရှားပိုင်နက်အတွင်းသို့ ဖောက်ထွင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယူကရိန်းစစ်တပ်၏ Kursk အပါအဝင် ဒေသများကို ဖြတ်ကျော်ပျံသန်းခဲ့သည့် UAV ဒုံးကျည် ၇၅ စင်းကို ကြားဖြတ် ဖျက်ဆီးနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သောကြာနေ့ နံနက်ပိုင်းတွင် Telegram တွင် ထုတ်ပြန်ခဲ့သည်။

Telegram»…
https://t.me/positiveanglenews

PAN

AMK #SZ