အိပ်ပျော်နေသည့် အုပ်ချုပ်ရေးမှုးအား အကြမ်းဖက်သမားများက အ‌‌ကြောင်းမဲ့ သတ်ဖြတ်


(နိုင်ငံတကာ) ဩဂုတ် ၉

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့နယ်ခွဲ၊ ကုလားတဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအား အကြမ်းဖက် PDF အဖွဲ့မှ နေအိမ်တွင်လာရောက် ပစ်သတ်သွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယမန်နေ့ည ၁၀ နာရီအချိန်ခန့်က ကုလားတဲကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးလှမြင့်၊ အသက် ၅၂ နှစ်၊ (ဘ)ဦးသောင်းရှိန်သည် နေအိမ်၌အိပ်ပျော်နေစဥ် အမည်မသိလူ ၆ ဦး၊ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး အိမ်ရှေ့တံခါးမကြီးအားရိုက်ဖွင့်ကာ အုပ်ချုပ်ရေးမှူး ဦးလှမြင့်အား သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် PDF အဖွဲ့၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဦးလှမြင့်တွင် နှဖူး ကျည်ဖေါက်ဝင်ဒဏ်ရာ ၁ ချက်၊ ဘယ်ဘက်ပါး ကျည်ဖေါက်ဝင်ဒဏ်ရာ ၁ ချက်၊ ညာဘက် ပါး ကျည်ဖေါက်ဝင်ဒဏ်ရာ ၁ ချက်ရရှိခဲ့ပြီး အခင်းဖြစ်ရာနေရာတွင် သေဆုံးသွားကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

ZN #SZ