ကမ်မလာ ဟဲရစ် က သမ္မတရွေးကောက်ပွဲအတွက် တရားဝင် ကိုယ်စားလှယ်ဖြစ်လာ


(နိုင်ငံတကာ) ဩဂုတ် ၇

အမေရိကန် ဒုတိယသမ္မတကမ်မလာဟဲရစ်သည် နိုဝင်ဘာလတွင် ကျင်းပမည့် သမ္မတရွေးကောက်ပွဲ အတွက် ဒီမိုကရက်တစ်ပါတီ၏ တရားဝင်ကိုယ်စားလှယ်ဖြစ်လာပြီဖြစ်သည်။

ဒီမိုကရက်တစ် အမျိုးသားညီလာခံ ကိုယ်စားလှယ်များက ငါးရက်ကြာလုပ်ဆောင်သည့် အွန်လိုင်းမဲပေးမှုအစီအစဉ်အရ ဟဲရစ်သည် ဩဂုတ်လ ၅ ရက် ညပိုင်းတွင် ပါတီအတွက် သမ္မတရွေးကောက်ပွဲဝင် ကိုယ်စားလှယ်ဖြစ် လာခြင်းဖြစ်သည်။

ဟဲရစ်သည် ဂျိုးဘိုင်ဒင် ချမှတ်ခဲ့သော မူဝါဒများဖြစ်သည့် ဒီမိုကရေစီအရေး၊ သေနတ်ကိုင်ရမ်းကားမှုကာကွယ်ရေး၊ ကိုယ်ဝန်ဖျက်ချမှု အခွင့်အရေးများကို ဆက်လက်စွဲကိုင်သွားမည်ဟု ကြေညာထားသည်။

မူလ က ဒီမိုကရက်တစ်ပါတီမှ ဂျိုးဘိုင်ဒင် က ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ပြင်ဆင်ထားသော် လည်း စကားစစ်ထိုးပွဲတွင် ရီဗက်ဘလစ်ကန်ပါတီမှ ပြိုင်ဘက် ဒေါနယ်ထရမ့်ကို ရှုးနိမ့်မှုကြောင့် ထိုသိုပါဝင် ယှဉ်ပြိုင်မှုမှ နုတ်ထွက်ကာ ကမ်မလာဟဲရစ်ကို ထောက်ခံပေးခဲ့ခြင်းဖြစ်သည်။

ကမ်မလာဟဲရစ်သည် ဂျမေကာ ဖခင်နှင့်အိန္ဒိယမိခင်တိုမှ မွေးဖွားလာသူဖြစ်ပြီး ဒုတိယသမ္မတအဖြစ် တာဝန်ထမ်းဆောင်ချိန်တွင် အမေရိကန်-မက္ကဆီကိုနယ်စပ်၌ လူဝင်မှုကြီးကြပ်ရေးကိစ္စကို ကိုင်တွယ်ဖြေရှင်းမှုနှင့် ပတ်သက်၍ ဝေဖန်မှုများခံထားရသူ ဖြစ် ကြောင်း ဆင်ဟွာသတင်းဌာန ဖော်ပြချက်အရ သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ