ဒီမိုကရက်တစ် ဒုတိယသမ္မတလောင်းအဖြစ် မင်နီဆိုတာပြည်နယ် အုပ်ချုပ်ရေးမှူးရွေးချယ်ခံရ


(နိုင်ငံတကာ) ဩဂုတ် ၇

ဒီမိုကရက်တစ်ပါတီ၏ ဒုတိယသမ္မတလောင်းအဖြစ် မင်နီဆိုတာပြည်နယ် အုပ်ချုပ်ရေးမှူး Tim Walz အားရွေးချယ်ခဲ့ကြောင်းသိရသည်။


Tim Walz သည် အမေရိကန်စစ်သားဟောင်းတစ်ဦးဖြစ်သလို အမေရိကန်ကွန်ဂရက်လွှတ်တော်အမတ်အဖြစ် ၁၂ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။


လက်ရှိဒုတိယသမ္မတ ကာမယ်လာဟဲရစ်က Tim Walz ဟာ စစ်မှုထမ်းဟောင်း၊ အုပ်ချုပ်ရေးမှူးနဲ့ အခြားသောနိုင်ငံရေးတာဝန်တွေကို ထမ်းဆောင်ခဲ့သည့်အတွက် ဒီမိုကရက်တွင်ပါဝင်မှုသည် အရမ်းကောင်းမွန်ကြောင်း ပြောကြားခဲ့သည်။


အသက် ၆၀ အရွယ်ရှိ Tim Walz သည် ကာမယ်လာဟဲရစ်မှ ၎င်းအား ဒုသမ္မတလောင်းအဖြစ်ရွေးချယ်မှုသည် တစ်သက်တာ ဂုဏ်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ